
ဒရုန်းယာဉ်တစ်စီးတပ်ဆင်နေတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ အမြင့်ပေ ခုနှစ်သောင်းအထိ ပျံသန်းနိုင်တဲ့ ဒရုန်းကို PDF တွေတီထွင်အောင်မြင်ခဲ့ပြီလို့ရေးသားပြီး ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။
သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။
“PDF များမှ အမြင့်ပေ ၇၀၀၀၀ ထိ ပျံသန်းနိုင်သော ဒရုန်းများ တီထွင်မှု့ အောင်မြင်😱😱)”လို့ရေးသားပြီး “La Minn Htet” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ အောက်ပါအတိုင်း စက်တင်ဘာ ၂ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် ၂ ရာရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံတွေကို ရှာဖွေကြည့်ရာမှာ ဟောင်ကောင်အခြေစိုက်အရပ်ဘက်နဲ့ စစ်ဘက်သုံး စောင့်ကြည့်ရေး ဒရုန်းရောင်းချတဲ့ GL UAV ကုမ္ပဏီရဲ့ ဒရုန်းကြော်ငြာဓာတ်ပုံအဖြစ် ၄◌င်းဝက်ဘ်ဆိုဒ် မှာကြော်ငြာထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – GL UAV | Archive link
ထို့အပြင် PDF တွေတီထွင်ထားတဲ့ ဒရုန်းလို့ရေးသားပြီး မျှဝေထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့တူညီတဲ့ ဓာတ်ပုံတွေကို GL UAV ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ြသဂုတ် ၃၀ ရက်က မျှဝေထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
မူရင်းလင်ခ့် – GL UAV | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ GL UAV ကုမ္ပဏီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြော်ငြာပုံတွေကို PDF တွေတီထွင်ထားတဲ့ ဒရုန်းပုံအဖြစ်မျှဝေနေခြင်းဖြစ်ပါတယ်။