
ကန့်ဘလူမြို့ရဲ့ သောင်းနဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေထားရာ ဒီပို့စ်ကို ထောင်ဂဏန်းဝန်းကျင်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာနေပြည်တော် တပ်ထောက်ခံပွဲပုံတွေဖြစ်ပါတယ်။
“ထင်မှတ် မထားရအောင် များပြားလားတဲ့ ကန့်ဘလူမြို့ရဲ့ သောင်း နဲ့ချီတဲ့ တပ်မတော်ထောက်ခံသူများ ၏ ပုံရိပ်တချို့”လို့ ရေးသားပြီး “Ko Zaw Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၁၂ ရက်မှာမျှဝေထား ရာမှာ ပြန်လည်မျှဝေသူ ၂ ထောင်ဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံဟာ ဖေဖော်ဝါရီ ၄ ရက်က နေပြည်တော်မှာ တပ်မတော်ထောက်ခံပွဲအဖြစ်ဖော်ပြထားပါတယ်။
Mizzima သတင်းဌာနက တွစ်တာစာမျက်နှာမှာ “ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး စစ်အာဏာ သိမ်းမှုအပြီး ဖေဖော်ဝါရီ ၄ ရက်က တပ်မတော်ထောက်ခံ သူများသည် စစ်တပ်အလံနှင့် နိုင်ငံအလံကို ဝှေ့ယမ်း ပြသနေစဉ်။ ဓာတ်ပုံ – AFP”ဆိုပြီးတော့ ရေးသားပြီး ဒီဓာတ်ပုံကို မျှဝေထားပါတယ်။
မူရင်းလင်ခ့် – Mizzima | Archive link
ကန့်ဘလူက တပ်ထောက်ခံပွဲ ဓာတ်ပုံအဖြစ်ဖော်ပြနေတဲ့ပုံ(ဘယ်)နဲ့ နေပြည်တော်ကပုံကိုအောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နေပြည်တော်က တပ်ထောက်ခံပွဲပုံကို ကန့်ဘလူက ထောက်ခံပွဲပုံအဖြစ်မျှဝေ ခြင်းဖြစ်ပါတယ်။ သတင်းတွေကို ရှာကြည့်ရာမှာလည်း ကန့်ဘလူမှာ တပ်ထောက်ခံပွဲမှာ လူသောင်းဂဏန်း တက်ရောက်တယ်ဆိုတဲ့ အထောက် အထားမျိုးလည်း မတွေ့ရပါဘူး။

Title:နေပြည်တော်က တပ်ထောက်ခံပွဲပုံကို အခြားသောမြို့နယ်တွေ မှာလုပ်တဲ့ပွဲအဖြစ်ဖော်ပြ
Fact Check By: Nayar MaungResult: Misleading