Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး အသတ်ခံရတဲ့ သတင်းတု

စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်စိုးဦး ဖမ်းဆီးခံရတယ်၊ အသတ်ခံရတယ်ဆိုတဲ့ ပို့စ်နဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃ သိန်းဝန်းကျင်ရရှိထားတယ်။ ဒီချန်နယ်မှာပဲ အလားစွာ ထပ်မံမျှဝေထားတာကို ဒီလင့်ခ်မှာကြည့်ပါ။  “အသတ်ခံရမှာဆိုးလို့ နေပြည်တော် ကို  အပြေးလာတဲ့ ကျော်စိုးဦး လမ်းမှာပဲ အသတ်ခံရ” Original link | Archive link ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ […]

Continue Reading

Fact Check : တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒု-စစ်‌‌ခေါင်းဆောင် စိုးဝင်းလည်း သေဆုံးတဲ့ သတင်းတု

နေပြည်တော်မှာ တိုက်လေယာဉ် အစင်း ၂၀ ဖောက်ခွဲခံရပြီး ဒုတိယ စစ်‌‌ခေါင်းဆောင် စိုးဝင်းလည်း တိုက်ခိုက်ခံရပြီး သေဆုံးလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။  “နေပြည်တော်မှာ အခြေအနေ ထိန်းလို့ မရတော့ဘူး လေယာဉ် အစီး (၂၀) ဖောက်ခွဲ ခံရပြီး ဒုတပ်ချုပ်စိုးဝင်း အသတ်ခံရလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသား ပြောဆိုချက်တွေနဲ့  သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်လပ်ရေးနေ့မှာ ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေမယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့် သတင်းထွက် ပေါ်နေလို့ ပြည်သူတွေ နေပြည်တော် အကျဉ်ထောင်မှာ သွာရောက်စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လွတ်လပ်‌ရေးနေ့ ထူးပြီ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကို  ညနေ ၅ နာရီ လွှတ်ပေးမယ့်သတင်းကြောင့် သွားကြိုကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရတဲ့ သတင်းတု 

ရွေး‌ကောက်ပွဲမဲလာမထည့်လို့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ အဖမ်းခံရ တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အခုမှ MRTV ထုတ်ပြန်လို့ လန့်ကုန်ကြပြီ သန်းရွှေ ကို သတ် ပြီး သိန်းစိန် ကို ဖမ်းထား ဒါကြောင့် ရွေးကောက်ပွဲမှာ မဲလာမထည့်တာ ကိုး” Original link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ရန်ကုန်ခေတ်သစ်အမည်နာမကို တုပထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ […]

Continue Reading

Fact Check: ရွေးကောက်ပွဲအကြို နေပြည်တော်တိုက်ခိုက်ခံရပြီး  စစ်ခေါင်းဆောင် အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတဲ့ သတင်းတု 

ရွေးကောက်ပွဲအကြိုနေ့မှာ KIA နဲ့ AA က နေပြည်တော်ကို ဝင်တိုက်ခိုက်မှု စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်တွေ သေဆုံးတယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “‌ရွေးကောက်ပွဲ အကြိုရက် နေပြည်တော် ပျက်ပြီ KIA နဲ့ AA တို့ ဦးဆောင်ပြီး နေပြည်တော် ကို  ဝင်စီးလို့ မင်းအောင်လှိုင် နဲ့ ဗိုလ်ချုပ်တွေသေကုန်ပြီ ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ […]

Continue Reading

Fact Check: ရန်ကုန်နဲ့ မန္တလေးကို အရေးပေါ်ကြေညာတဲ့ သတင်းတု 

ရန်ကုန်နဲ့ မန္တလေးကို အရေး‌ပေါ်ကြေညာလိုက်တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မန္တလေး တမြို့လုံး ပွတ်လော ရိုက်ကုန်ပြီ မန္တလေးနဲ့ ရန်ကုန် အရေးပေါ်ကြေငြာပြီ တစ်နိုင်ငံလုံး အသက်မသေဖို့ ချက်ချင်းကြည့်ပေးပါ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြော ဆိုလုပ်ကြံရေးသား‌ဖော်ပြပါတယ်။ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ရန်ကုန်နဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။  ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ Original link | Archive link ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။  Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ဒေါ်စုကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အသတ်ခံရဆိုတဲ့ သတင်းတု

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဲဒီပွဲက အပြန်မှာပဲ အသတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ဖြန့်‌ဝေပြီး ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။ “ဗိုလ်ချုပ် ဇော်ပင်းထွန်း အသတ်ခံရ  ဒေါ်စု ကို ခွေးနဲ့ နှိုင်းခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း  သတင်းစာ ရှင်းလင်းပွဲက အပြန်လမ်းမှာ အသတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “လူထုခေါင်းဆောင် ထွက်လာပြီ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် ကို အပြင်ထုတ်ပြီ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီ ၈နာရီအတွင်း ထူးမယ်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရတယ်ဆိုတဲ့ ဗွီဒီယိပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်စုကို ကယ်ထုတ်တဲ့ သန်းရွှေ  အသက်ကြီးသူချင်း ကိုယ်ချင်းစာပြီ ဒေါ်အောင်ဆန်းစုကြည် ကို သွားကယ်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းသန်းရွှေ ဖမ်းခံရ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading