Fact Check: ဒီဗွီဒီယိုက စစ်တပ်ခေါင်းဆောင် မြစ်ကြီးနားခရီးစဉ်မှာ ပစ်ခတ်ခံရမှုလား-မဟုတ်ပါ
စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားခရီးစဉ်မှာ ၎င်းလက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ်ခတ်တိုက်ခိုက်မှုလို့ရေးသားပြီး ဗွီဒီယို တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာ ဒီဗွီဒီကို ပြန်လည်မျှဝေသူ ထောင်ဂဏန်းဝန်းကျင်ရှိပါတယ်။ ၂ မိနစ်နဲ့ ၅၄ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ရဲဝတ်စုံဝတ်ထား သူတွေဟာ နောက်မိုးဖွင့် နှစ်ခန်းတွဲ အိမ်စီးကားဖြူ ၂ စီးပေါ်မှာ ထိုင်လျှက် ရံဖန်ရံခါ သေနတ်ထုတ်ချိန်တဲ့ မြင်ကွင်း၊ ကား ၂ စီးဟာ ရှေ့တိုးနောက်ဆုတ်လုပ်နေတဲ့ မြင်ကွင်းများနဲ့ သေနတ်နဲ့ပစ်ခတ်သံအချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း ဒီဗွီဒီယိုဟာ မတ်လအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “သောင်းကျန်းသူ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကချင်ပြည် ရောက်ရှိနေ စဉ် သူ့ အောက်ခြေသောင်း ကျန်းသူ အဖျက်သမားများအား မြစ်ကြီးနား ဒေသခံ […]
Continue Reading