Fact Check: ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများလား- မဟုတ်ပါ

ကိုဗစ်-၁၉(Covid-19)ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံလိုက်တယ်လို့ဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။   ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပြောဆိုခဲ့တဲ့ ဆရာဝန်ဆိုသူ ဓာတ်ပုံပါဝင်ပြီး ပြောဆိုချက်အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြချက်ပါတဲ့ စခရင်ရှော့ဓာတ်ပုံတခုကိုလည်း ပို့စ်တင်သူ ၄င်းပို့စ်ရဲ့အောက်က မှတ်ချက်နေရာမှာ ဖော်ပြထားတာတွေ့ရပါ တယ်။  “Covid 19 ဆေးထိုးထားသူတွေဟာ ေ-သဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း စခရင်ရှော့ပို့စ်ပါပြောဆိုချက်ဟာ အခုရက်ပိုင်းမှပဲ ပြောကြားခဲ့သ‌ယောင်နဲ့ “BREAKING NEWS:”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ […]

Continue Reading

Fact Check: ထိုင်ခုံတွေနဲ့အောက်ဆီဂျင်ပေးထားရတဲ့လူနာတွေဟာ ရန်ကုန် ဆေးရုံကြီးကCOVID-19 အတည်ပြုလူနာတွေမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှာ COVID-19 လူနာတွေကို ထိုင်ခုံတွေနဲ့ကုသနေရတယ်ဆိုတဲ့ ပို့စ်လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ လူနာတစ်ချို့ဟာ လျှောက်လမ်းတစ်ခုရဲ့ တစ်ဖက်တစ်ချပ်စီမှာ ထိုင်ခုံတစ်လုံးစီနဲ့ အောက်စီဂျင် အိုးတွေပေးထားရတဲ့ ဓာတ်ပုံလည်းပါဝင်ပြီး ရေးသားမျှဝေထားတဲ့ စာသားတွေမှာ ရန်ကုန်ဆေးရုံကြီးကဖြစ်တယ်၊ COVID-19 လူနာတွေကို အခုလိုကုသတယ်ဆိုပြီး ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံပို့စ်ထဲမှာပါတဲ့ လူနာတွေဟာ COVID-19 အတည်ပြုလူနာတွေမဟုတ်သလို နေရာဟာ လည်း ရန်ကုန်ဆေးရုံကြီးမှာမဟုတ်ဘဲ မြောက်ဉက္ကလာပဆေးရုံမှာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ဘိုနေ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဖျားသွားမယ်ဝန်ကြီး ပြောတဲ့  …ပြင်ထားတာ လာကြည့်လိုက် ဖျားသွားမယ် ဆိုတဲ့…အရေးပေါ် အထူးကုသဆောင် (YGH-ICU)”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။    မူရင်းလင်ခ့် – Fb link  |  Archive link လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာနားလည်းမှုလွဲစေနိုင်တဲ့ အရေးသားနဲ့“တကယ့်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းတဲ့ […]

Continue Reading

Fact Check: COVID-19 ဟာ ဗက်တီးရီးယားနဲ့ 5G နည်းပညာကြောင့်ဖြစ်တယ် ဆိုတာမဟုတ်ပါ

COVID-19 ဟာ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး ဒီရောဂါနဲ့သေဆုံးတဲ့ဆိုတဲ့သူတွေဟာ 5G နည်းပညာကတစ်ဆင့်ကူးစက်မှုဖြစ်ရတယ်ဆိုတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူတွေအကြား ဖြန့်ဝေ နေတာတွေ့ရပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19  နဲ့သေရင် ရင်ခွဲစစ်ဆေးခွင့်မပေးဘူး၊ အီတလီ ဆရာဝန်တွေက COVID-19 ကြောင့်သေဆုံးရတဲ့ အလောင်းတွေကို ခွဲစိပ်ကြည့်ရာကနေ ဗိုင်းရပ်စ်ပိုး မတွေ့ရဘဲ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါဆိုပြီးတွေ့ရတယ်၊ 5G ဓာတ်ရောင်ကြောင့် သေဆုံးမှု ကြောင့်သေဆုံးရတာဖြစ်တယ်၊ ဆေးပေးတဲ့အခါမှာ ရောဂါဖြစ်တဲ့သူတွေကို ပဋိဇီဝဆေးနဲ့ အကိုက်အခဲပျောက် ဆေးပေးရတယ်ဆိုပြီးရေးသားထားပါတယ်။ ဒီပို့စ်ပါအချက်တွေဟာ မှားယွင်းတဲ့အချက်အလက်တွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ “Ko Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီပို့စ်ကို“ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါအကြောင်း သိကောင်း စရာများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၅ […]

Continue Reading

Fact Check: COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေး နေတယ်ဆိုတဲ့ သတင်းတု သတင်းမှားများဆက်တိုက်ဖြန့်ချိ

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်တွေမှာ အလှူပေးနေတယ်၊ ငွေလွှဲပေးမယ်၊ထောက်ပံ့ကြေးပေးနေတယ် အခြားသော ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလည်း မျှဝေပေးပါ၊ အောက်မှာပါတဲ့ လင့်ခ်ကလေးကို နှိပ်ပါ၊ ဖုန်းနံပါတ်ချန်ထားခဲ့ပါ ဆိုပြီးတော့ တောင်းဆိုထားတာတွေ့ရပါတယ်။  ဒီလိုပို့စ်တွေဟာ သတင်းတု သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ယုံကြည်လာစေဖို့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ငွေသားအထုပ်လိုက်ပုံတွေနဲ့ ဓာတ်ပုံအဟောင်းကိုအသုံးပြုပြီးရေးသား ကြလေ့ရှိတာလည်း တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုတွေကို ဖုန်းနံပါတ်ချန်ထားခဲ့ရန်တောင်းဆိုပြီး များများသိအောင်မျှဝေပေးဖို့နဲ့ ပေးထားတဲ့ လင့်ခ်မှာ အဖွဲ့ဝင်ဖို့တောင်းဆိုထားတဲ့ ပို့စ်တစ်ခုကို “Covid 19 ရောဂါအတွက် အလှူကြီးပေး နေပြီး”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ အောက်တိုဘာ ၂ ရက်ကမျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေသူ […]

Continue Reading

COVID-19 ရောဂါပျောက်ကင်းဆေးတဲ့ တိုင်းရင်းဆေးဝါးအဖြစ် မျှဝေနေတဲ့ အချက်အလက်မှား

အောက်တိုဘာ ၂ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 အတည်ပြုလူနာ ၃၄ သန်းကျော်ရှိလာပြီး သေဆုံးသူ တစ်သန်းထက်မနည်း ရှိလာချိန်မှာ မြန်မာနိုင်ငံမှာလည်း အောက်တိုဘာ ၂ ရက်နေ့အထိ အတည်ပြုလူနာပေါင်း ၁၅၅၂၅ ဦးနဲ့သေဆုံးလူနာ ၃၅၃ ဦးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ပြည်တွင်းကလည်း COVID-19 ပျောက်ကင်းဆေးဆိုပြီးတော့ ကြေညာထားတဲ့ ပို့စ်တစ်ခုတွေ လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒီလိုမျှဝေလျက်ရှိတဲ့ပို့စ်အပေါ်မှာ ဟာသအနေနဲ့ ရှူမြင်မျှဝေနေကြသူတွေရှိကြသလို မှတ်ချက်တွေ ကြည့်မယ်ဆိုရင် ယုံကြည်သူတွေလည်း ရှိပါတယ်။ ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုလည်း အခုကြေညာမှာ ထည့်သွင်းထားတာတွေ့ရပါတယ်။  Fact Crescendo Myanmar အချက်အလက်စိစစ်ချက်အရ အောက်တိုဘာ ၂ ရက်နေ့အထိ COVID-19 ကိုကာကွယ်နိုင်ကုသနိုင်တယ်လို့ အများပြည်သူကို ရောင်းချခွင့်ပေးထားတဲ့ ဆေးတစ်စုံတစ်ရာမရှိ သေးတာတွေ့ရပါတယ်။ လူထုအကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ […]

Continue Reading

Fact Check: ဓာတ်ပုံဟောင်းတွေကို အသုံးပြုပြီး မြန်မာရေတပ်က ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေသယောင်ဖော်ပြနေတဲ့ သတင်းမှား

COVID-19 ကူးစက်မဖြစ်စေဖို့အတွက် တပ်မတော်(ရေ)က ဘင်္ဂလား-မြန်မာနယ်စပ်မှာ ခိုးဝင်ဘင်္ဂလီတွေကို ပစ်ခတ်ပုံနေ သယောင် ဓာတ်ပုံတွေနဲ့တကွ ဖော်ပြနေတဲ့ပို့စ်တစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ လက်ခံဖို့ချပြထားသော ဘင်္ဂါလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည် ဘင်ဂါလီ မဝင်ရ ပိုးမပြန့်စေရ်”စသည်ဖြင့် ရေးသားထားပြီး “Win Htein Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Link Archive link စက်တင်ဘာလထဲမှာ လူမှုကွန်ယက်အသုံးပြုသူထောင်နဲ့ချီပြီး မျှဝေထားတဲ့ အလားတူပို့စ်ကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တပ်မတော်ရဲ့ […]

Continue Reading

မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ထောက်ပံ့ကြေး ငွေပေးနေတယ်ဆိုတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာမကြာခဏဖြန့်ဝေနေတာတွေ့ရပါတယ်။ အခုတစ်ခါမှာလည်း မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနဲ့ အခြားအလှူရှင်တစ်ဦးနဲ့ပေါင်းပြီး မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီ”ဆိုပြီး “နေ ဟိန်း” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူ က “နိုင်ငံတကာ ထီပေါက်သူ သူဌေးကြီးများ အလှူ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားရာမှာ ပြန်လည်မျှဝေသူ တစ်သိန်းခွဲရှိခဲ့ပါတယ်။ Fb link Archive link ဒီလို အွန်လိုင်းကနေ ငွေကြေးထောက်ပံ့နေတယ်၊ အောက်မှာပါတဲ့လင့်ခ်ကို နှိပ်ပြီး “join group”ကိုနှိပ်ပေးပါ၊ အခြားသော group တွေကို ရှယ်ပေးပါ၊ ပြီးရင် ဖုန်းနံပါတ်တွေ ရေးခဲပါဆိုတဲ့ပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လအန်ဆန်းက ဒီလိုမျှဝေထားတာတွေဟာ မဟုတ်မှန်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်ကနေ အောက်ပါအတိုင်းရှင်းလင်းရေးသားထားပါတယ်။ […]

Continue Reading

Fact Check: အီတလီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ဒေါက်တာ ၂ယောက် အချစ်ဇာတ်လမ်းလား-မဟုတ်ပါ

၂၀၁၉ ဒီဇင်ဘာလလောက်ကတည်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင်း ဖြစ်ပေါ် လျက်ရှိတဲ့ COVID-19  ကပ်ရောဂါဟာ ကမ္ဘာတစ်လွှားမှာ စက်တင်ဘာ၂၆ ရက်နေ့အထိ လူ  ၃၃ သန်းဝန်း ကျင်အထိကူးစက်ပျံ့နှံ့ခဲ့ပြီးဖြစ်ကာ ကူးစက်ခံရသူတွေထဲမှာ လူ  ၉ သိန်း ၉ သောင်းထက်မနည်း သေဆုံးခဲ့ ရပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်တင်ဘာ ၂၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြုလူနာ ၁ သောင်းဝန်းကျင်နဲ့ သေဆုံး ၁၉၈ ဦးရှိပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့်ပဲ “မျက်ရည်ခိုင်မှကြည့်ပါ”ဆိုပြီးတော့ “အီတလီနိုင်ငံက ရင်နင့်ဖွယ် အချစ်ဇာတ်လမ်း  သူတို့ ၂ ဦးလုံးက ဆရာဝန်တွေပါ ချစ်သူက Covid ပိုးကူးစက်ခံထားရလို့ Isolated အထားခံနေရတာကို ကြည့်ပြီး သူပါတစ်ခါတည်း အကူးစက်ခံရင်းနဲ့ အချစ်စစ်အချစ်မှန်ကို […]

Continue Reading

Fact Check: တရုတ်ကထုတ်တဲ့ Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ ရတယ် ဆိုတဲ့သတင်းမှား

တရုတ်ကထုတ်တဲ့အခု Pepsi Cola အပြာဗူးထဲမှာ Covid-19 ပိုးတွေ့ရလို့ စက်ရုံယာယီ ပိတ်သိမ်းထားတယ် ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “တရုတ်နိုင်ငံထုတ် Pepsi Cola အပြာရောင်ဗူးထဲ၌ Covid-19 ပိုးတွေ့ရှိရ၍ ယင်းစက်ရုံကို ယာယီပိတ်သိမ်း ရပ်ဆိုင်းထားသည်။#crd”ဆိုပြီး “မောင် မောင် ချိုရီ” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “covid-19 found inside pepsi bottle in china”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး နိုင်ငံတကာသတင်းတွေကို ရှာဖွေရာမှာ […]

Continue Reading

အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။ “24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 […]

Continue Reading