
တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချပြမယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဌဦးလှသိန်းက ပြောတဲ့ပုံစံမျိုးရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူတွေကြား မျှဝေနေတာတွေ့ရပါတယ်။
ဒီလိုရေးသားမျှဝေနေကြတဲ့ပို့စ်မှာ “ကဲမှတ်ကရော UEC က စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲစာရွက်စာတန်းများကို ချပြပါမယ်တဲ့ဗျာ ကဲရှင်းရော့ Crd #”လို့ရေးသားပြီး UEC ဥက္ကဌဦးလှသိန်းပုံနဲ့ ရေးသားမျှဝေနေကြတာပါ။အောက်ပါလင့်ခ်မှာ ဝင်လေ့လာနိုင်ပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တပ်မတော်ရဲ့ စစ်လက်နက်ဝယ်ယူတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကိုချမယ်ဆိုပြီး ဒီလိုမျိုးရေးသားမျှဝေနေတာနဲ့ပတ်သက်ပြီး ဒါဟာသတင်းအမှား ဖြစ်ကြောင်းကို UECက ဒီဇင်ဘာ ၁၁ရက်နေ့က UECရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာထုတ်ပြန်ကြေငြာထားတာ တွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – UEC FB link | Archive link
ရွေးကောက်ပွဲပြီးနောက် အထူးသဖြင့် တပ်မတော်သားတွေနဲ့ တပ်မတော်မိသားစုဝင်တွေမဲပေးခဲ့တဲ့ မဲရုံ ၂၀၀ကျော်က မဲရလာဒ်အပါအဝင် မဲစားရင်းတွေကို တပ်မတော်က ပြန်လည်ဆန်းစစ်မယ်လို့ ပြောဆိုပြီး ကော်မရှင်ဆီက မဲစာရွက်စာတမ်းတွေကို တပ်မတော်က ကူးယူကြည်ရှုခွင့်တောင်ခံပြီးနောက်မှာ တပ်မတော်နဲ့ ရွေးကောက်ပွဲကော်မရှင်းကြား၊ အစိုးရနဲ့ တပ်မတော်အကြား မဟုတ်မမှန်ပုတ်ခတ်ပြောဆိုတယ်ဆိုတဲ့ သတင်းတု သတင်းအမှားတွေ ခတ်စိပ်စိပ်ပြန့်နံ့နေတာတွေ့ရပါတယ်။ ဒီလိုပုတ်ခတ်ပြောဆိုတာတွေဟာ သတင်းအမှားဖြစ်ကြောင်းကို Fact Crescendo Myanmarက “မဲစိစစ်တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က တောင်းပန်တယ်ဆိုတဲ့ သတင်းအမှား” “တပ်မတော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အာဏာသိမ်းဖို့ ပြောသလား- မဟုတ်ပါ” “ရွေးကောက်ပွဲမှာ NLD နိုင်ရဖို့ မဲရုံမှုးတွေ ဉပဒေတွေချိုး ဖောက်ပြီး ဘက်လိုက်ခဲ့ကြောင်း UEC အဖွဲ့ဝင် ဦးမြင့်နိုင်ဝန်ခံတယ်လို့ သတင်းတုဖြန့်” “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ၆ ဦးနုတ်ထွက် စာတင်တယ်ဆိုတဲ့ သတင်းမှား” “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ သတင်းတု သတင်းမှားများ ဆက်တိုက်ဖြန့်ဝေ”စတဲ့ခေါင်းစဉ်တွေနဲ့ အချက်အလက်စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ စစ်လက်နက်ဝယ်ယူတဲ့ဘတ်ဂျက်ကိုစစ်ဆေးခွင်ရှိရင် မဲစာရွက်စာသားတွေကို UECက ချပြမယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Title:တပ်မတော်ရဲ့စစ်လက်နက်ဝယ်ယူတဲ့ဘတ်ဂျက်ကို စစ်ဆေးခွင်ရှိရင် UECက မဲစာရွက်စာတမ်းတွေပြမယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False