Fact Check: ကာမိုင်းမြို့ထဲကို KIA ဝင်သိမ်းပိုက်တဲ့ဓာတ်ပုံလား-မဟုတ်ပါ

False လူမှုရေး

ကာမိုင်းမြို့ထဲကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဝင်ရောက်သိမ်းပိုက်တယ်ဆိုပြီးတော့ စစ်ဝတ်စုံနဲ့ စစ်သား တွေပါဝင်တဲ့ ဓာတ်ပုံ ၂ ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ 

သို့သော် ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရသလို ကာမိုင်းမြို့မှာ ရိုက်ကူထားတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။

 “မြို့သိမ်းတယ်ဆိုတာ ဒါကိုခေါ်တယ်ဗျာ〰️

ကားမိုင်းမြို ကို ပြည်သူ့တပ်မတော် KIA မှ

ဝင်ရောက်နေရာယူပြီးသကာလ…..

#တရားသောစစ်ပွဲအောင်မြင်ပါစေ_ပြည်သူ့တပ်မတော်KIA”လို့ ရေးသားပြီး“Mi Soe”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ က မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။ အလားတူ ရေးသားမျှ ဝေမှုတွေ ကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Bing မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်းတွေ့ရပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတဲ့ “ KIA ကို စစ်မျက်နှာဘက်ပေါင်းစုံဖြင့် မြန်မာတပ်မတော်ထိုးစစ်ဆင်”လို့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို တွေ့ရပြီး ဓာတ်ပုံစာသားအဖြစ် “ရှေ့တန်းစစ်မျက်နှာအတွက် KIA တပ်များ လိုင်ဇာမှထွက်ခွာ(Photo: Jinghpaw Kasa Blog)လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link

အခြားသော ဓာတ်ပုံတစ်ပုံကိုလည်း Google မှာ ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ  ၂၀၁၄ ခုနှစ်၊ မတ်လ ၂၆ ရက်စွဲနဲ့ Invisible Photographer Asia( IPA)ရဲ့ဝက်ဘ်ဆိုဒ်မှာတွေ့ရပါတယ်။ ဓာတ်ပုံစာသားအဖြစ် “ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) စစ်သားများ မြို့တစ်ဝိုက် ညနေခင်းကင်း လှည့်စဉ်။ မကြာသေးခင်က မန်စီတစ်ဝိုက် မြန်မာအစိုးရနှင့်  KIA အကြား တိုက်ပွဲများကြောင့် လိုင်ဇာမြို့မှာ တပ်လှန့်ထားပါတယ်” လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – IPAArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကာမိုင်းမြို့ထဲကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က ဝင်ရောက်သိမ်းပိုက်မှု အဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၁၁ ခုနှစ်နဲ့၂၀၁၄ ခုနှစ်အတွင်း လိုင်ဇာမြို့မှာရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

Avatar

Title:ကာမိုင်းမြို့ထဲကို KIA ဝင်သိမ်းပိုက်တဲ့ဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *