Fact Check: ၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ကတိမ်းရှောင်ခဲ့ရသူတွေကို ယနေ့ ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ်မျှဝေ

False လူမှုရေး

ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဆိုပြီး ကွင်းပြင်တစ်ခုကို ဖြတ်သန်းလျက် အထုပ်ကိုယ်စီနဲ စီတန်းလမ်းလျှောက်သွားနေကြတဲ့ ဓာတ်ပုံကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျှက်ရှိပါတယ်။ 

ဇွန် ၅ ရက်က ကျုံပျော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန်ပစ် ခတ်ခဲ့ရာ ကနေ ဒေသခံလက်နက်ကိုင်တွေထဲက အတော်များများသေဆုံးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်ရတာတွေလည်းရှိလာပါ တယ်။

သို့သော် ကျုံပျော်က ထွက်ပြေးသူတွေအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်ရသူတွေဖြစ်ပါတယ်။

 “Where’s peace?ကျုံပျော်ပြည်သူတွေရေ မင်းတို့ဘယ်ပြေးမှာလဲငါတို့မသိပေမယ် ခိုနားရာနေရာတွေ့ပါစေကွာ ဘေးကြုံရင်တော့ပြေးခုန်ရမှာပဲလေနော ဒါနဲ့ဧရာ၀တီကိုပဲ sပစ်တင်နေတဲ့သူ ဒါလေးမြင်တော့ကြေနပ် လောက်ပီပေါ့”စသည်ဖြင့် ရေးသားပြီး“Saw Black”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃ ထောင် ၅ ရာကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Tineye မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်း အစောဆုံးတွေ့ရပါတယ်။ 

၂၀၁၇ ခုနှစ် ြသဂုတ် ၂၇ ရက်စွဲနဲ့ ဧရာဝတီသတင်းဌာနက အနောက်မြောက်ပိုင်းမှ ဗုဒ္ဓဘာသာဝင်ရခိုင်များနဲ့ ဟိန္ဒူထောင်ပေါင်းများစွာကို ကယ်ထုတ်လို့ ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာလည်း ဒီဓာတ်ပုံကိုအသုံးပြုထား တာတွေ့ ရပါတယ်။

မူရင်းလင်ခ့် – IrrawaddyArchive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ် မျှဝေလျက်ရှိတဲ့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်က ထွက်ပြေးတိမ်းရှောင်ရစဉ်က ပုံဖြစ်တာတွေ့ရပါတယ်။

Avatar

Title:၂၀၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်ကတိမ်းရှောင်ခဲ့ရသူတွေကို ယနေ့ ကျုံပျော်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ်မျှဝေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *