
မြန်မာနိုင်ငံမှာ အင်တာနက်ထိန်းချုပ်ဖို့အတွက် တရုတ်အကူအညီပေးနေတဲ့ အထောက်အထားအဖြစ်တရုတ် တပ်ဖွဲ့ဝင်တစ်ဦးပုံနဲ့အတူ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။
လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
တွစ်တာမှာ အင်္ဂလိပ်ဘာသာမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ တရုတ်စစ်တပ်က မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့ဖို့အတွက် အကူအညီပေး နေတဲ့ပုံမဟုတ်တာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
စစ်တပ်က အာဏာရယူအပြီးမှာ တရုတ်က မြန်မာနိင်ငံမှာ တရုတ်ပုံစံ အင်တာနက်စောင့်ကြည့်ပိတ်ဆို့မှုတွေကို အကူအညီပေးနေတယ်လို့ မြန်မာလူထုက ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားပြီး တရုတ်က ငြင်းဆိုထားပါတယ်။
ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဒီဓာတ်ပုံကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက ပျံ့နှံ့နေခဲ့တာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
တရုတ်အမျိုးသားအသံလွှင်ဌာနရဲ့ ဝက်ဘ်ဆိုဒ်မှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာက ၇ ရက် ဒီဓာတ်ပုံကို အသုံးပြုထား တာတွေ့ရပြီး Google Translate ကိုအသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်ရေတပ်ဟာ တိုက်ပွဲအတွက် အသင့်အနေအထားနဲ့လေ့ကျင့်နေပုံဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – cri.cn | Archive link
တရုတ်စစ်သားက အင်တာနက်ထိန်းချုပ်ပုံအတွက် အကူအညီပေးနေပုံအဖြစ် မျှဝေနေတဲ့ပုံ(ဘယ်)နဲ့ တရုတ် အမျိုးသားအသံလွှင့်ဌာနက ဓာတ်ပုံ(ညာ)ကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။
၂၀၁၇ ခုနှစ်က တရုတ်ရေတပ်က တိုက်ပွဲဝင်လေ့ကျင့်ခဲ့တဲ့ သတင်းကို The South China Morning Post က ဒီလင့်ခ်မှာလည်း လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အရှေ့တရုတ်ပင်လယ်ပြင်မှာ တရုတ်ရေတပ်ဟာ တိုက်ပွဲအတွက် အသင့်အနေ အထားနဲ့လေ့ကျင့်နေပုံက သတင်းဓာတ်ပုံကို တရုတ်စစ်သားက မြန်မာနိုင်ငံမှာ အင်တာနက်ပိတ်ဆို့ဖို့ အသုံးပြု နေပုံအဖြစ် မျှဝေနေတာဖြစ်ပါတယ်။

Title:တရုတ်စစ်သားက အင်တာနက်ထိန်းချုပ်ဖို့ အကူအညီပေး နေပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False