Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့နေ့မြင်ကွင်းအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် သင်္ကြန်က ဓာတ်ပုံသာဖြစ်တယ်

Missing Context လူမှုရေး

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်မှုဓာတ်ပုံလို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလကထားရှိတဲ့နေရာကနေ နေပြည်တော်က အချုပ်ထောင်တစ်ခုရဲ့ သီးသန့်အဆောင်တစ်ခုကို စစ်တပ်က ပြောင်းရွှေ့ခဲ့အပြီးမှာ ဒီလို လူမှုကွန်ယက်မှာပျံ့နှံ့တာဖြစ်ပါတယ်။

တကယ်တော့ ၂၀၁၉ ခုနှစ်အတွင်း သင်္ကြန်ကာလအတွင်းက မြင်ကွင်းနဲ့တူညီတာတွေ့ရပါတယ်။

 “ခုလက်ရှိ ပုံလို့သိရပါတယ်…😔😔😔

ယနေ့ နေ့လည် (၂)နာရီခန့်က

နေပြည်တော် အချုပ်ထောင်ပို့ဆောင်လိုက်ပါပီ”စသည်ဖြင့် ရေးသားပြီး “Min Kaung Pyae”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဖေ့စ်ဘွတ်မှာ အဓိကျတဲ့ စကားလုံးအချို့ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ် တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူအချို့ကမှတ်ချက်ပြုကြသလို ဓာတ်ပုံ ၂ ပုံကို ယှဉ်ပြီးဖော်ပြနေကြတာ တွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ဒီဓာတ်ပုံ ၂ ပုံထဲက တစ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် သပြေပန်းနဲ့ရေပက်ဖြန်းနေတဲ့ပုံကို အနီးကပ်လုပ်ယူ ဖြတ်ထုတ်ထားပုံအဖြစ်ဖော်ပြနေတာဖြစ်ပါတယ်။

Fact Crescendo Myanmar အနေနဲ့ ထပ်မံပြီး ယူကျူ့(Youtube)အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီးရှာ ဖွေရာမှာ DVB TV News က ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၄ ရက်စွဲနဲ့ဖော်ပြတဲ့ “နေပြည်တော် တိုက်ချီတိုမဏ္ဍပ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် သင်္ကြန်အကြိုနေ့ ရေကစားမှု မြင်ကွင်း။”ဆိုတဲ့ ရုပ်သံဖိုင်ပါ မြင်ကွင်းနဲ့ နီးစပ်တူညီတာ တွေ့ရပါတယ်။ အောက်ပါပုံတွေကတော့ ဒီဗွီဒီယိုပါ မြင်ကွင်းကို INVID ဆော့ဖ်ဝဲလ်အသုံးပြုပြီး ရလာတဲ့ ဗွီဒီယိုထဲကမြင်ကွင်းတွေပဲဖြစ်ပါတယ်။

မူရင်းလင်ခ့် – DVB TV NewsArchive link  

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ပို့တဲ့ဓာတ်ပုံအဖြစ်မျှဝေနေတဲ့ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်သင်္ကြန်ကာလအတွင်းက မြင်ကွင်းဗွီဒီယိုနဲ့တူညီတာတွေ့ရှိရပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့နေ့မြင်ကွင်းအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် သင်္ကြန်က ဓာတ်ပုံသာဖြစ်တယ်

Fact Check By: Nayar Maung 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *