
ဥကရစ်ထစခန်းသိမ်းအောင်ပွဲ ဗွီဒီယိုတစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက် ရှိပါတယ်။ ဗွီဒီယိုဟာ မေလထဲမှာ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုင်သိမ်း ပိုက်မှုဖြစ်ပါတယ်။
၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လက်နက်ခဲယမ်းတွေစုပုံထားပြီး ဘေးပတ်ပတ်လည်မှာ လက်နက် ကိုင်တွေရပ်နေတဲ့မြင်ကွင်းတွေပါဝင်တယ်။ “ဥကရစ်ထစခန်းသိမ်းလက်နက်ရရှိမှု…. ၂၈-၆-၂၂ vd..crd”လို့ ရေးသားပြီး ၂၀၂၂ခုနှစ် ဇွန် ၂၉ ရက်က “Awba Channel Max”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၂ ခုနှစ် မေလထဲ ကဖြစ်ပွားခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ မြန်မာစစ်တပ်ရဲ့ သေ့ဘော့ဘိုးစခန်းကိုတိုက်ခိုက်သိမ်းမှု ဖြစ်တာတွေ့ရ ပါတယ်။
“KAREN ARMY”အမည်နဲ့ ယူကျူ့ချန်နယ်က “တိုက်ပွဲသတင်း ထုတ်ပြန်ချက်”လို့ရေးသားပြီး၂၀၂၂ ခုနှစ် မေ ၁၉ ရက်က မျှဝေထားတဲ့ ယခု ဥကရစ်ထစခန်းသိမ်းအောင်မြင်မှုအဖြစ် လူမှုကွန်ယက်မှာပျံ့နှံ့လျှက်ရှိတဲ့ ဗွီဒီယိုပါရုပ်သံမြင်ကွင်းနဲ့ တူညီတာတွေ့ရပါတယ်။
“မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်း နံဘေး၊ သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ (၂၀၂၂)ခုနှစ်၊ မေလ (၁၈) ရက်နေ့ ၊ နေ့လည်ပိုင်းတွင် အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပါသည်။”လို့လည်း ဒီဗွီဒီယိုမှာရေးသားထားပါတယ်။
မူရင်းလင်ခ့် – Karen Army | Archive link
“သေ့ဘောဘိုးစခန်းတိုက်ပွဲတွင် စစ်သား ၆ ဦးနှင့် လက်နက်များ သိမ်းဆည်းရမိ”ဆိုပြီး ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မှာပဲ မြန်မာနောင်းသတင်းဌာနက သေ့ဘော့ဘိုးစခန်းသိမ်းပိုက်ရရှိမှုကြောင်းကို သတင်းဖော်ပြခဲ့ပါသေးတယ်။

မူရင်းလင်ခ့် – Myanmar Now | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ သေ့ဘော့ဘိုးစခန်းသိမ်းပိုက်ရရှိမှုဖြစ်စဉ်က ဗွီဒီယိုကို ဥကရစ်ထစခန်းသိမ်း အောင်မြင်မှုအဖြစ်ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဥကရစ်ထစခန်းသိမ်းအပြီး ရရှိတဲ့လက်နက်တွေအဖြစ် ဓာတ်ပုံတွေနဲ့ သတင်းမှားဖြန့်ခဲ့သေးပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

Title:Fact Check: သေ့ဘော့ဘိုးစခန်းသိမ်းပိုက်မှုဗွီဒီယိုကို ဥကရစ်ထစခန်းသိမ်းပိုက်မှု အဖြစ်မျှဝေ
Fact Check By: Nayar MaungResult: Missing Context