Fact Check: KNLA က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတုသတင်းမှား

Missing Context လူမှုရေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့နေတဲ့ ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျှက်ရှိပါတယ်။ မျှဝေထားတဲ့ ဗွီဒီယိုမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင် အချို့က တောတွင်းတစ်နေရာက တဲအိမ်တွေကို မီးရှို့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။

သို့သော် ဒီဗွီဒီယိုဟာ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်တပ်စွန့်ခွာသွားတဲ့ ခုတ်ခွားစခန်းကို မီးရှို့ဖျက်စီးမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

“KNLAတပ်မဟာ5နယ်မြေရှိ

ထေရဝါဒကိုးကွယ်သူရွာများ

စာသင်ကျောင်းများကို

GZများPDFများKNLAမှအကြမ်းဖက်များမီးရှို့ဖျက်ဆီး”လို့ရေးသားပြီး “ဇာတိမာန်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ဝန်းကျင်ရှိပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

တူညီစွာမျှဝေထားတဲ့ ဗွီဒီယိုတွေထဲက ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်အချို့ကို ဒီနေရာဒီနေရာဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ရွာဟုတ်မဟုတ်၊ မီးရှို့နေတဲ့ အဆောက်အဦးဟာ စာကျောင်းတွေ ဟုတ်မဟုတ် Fact Crescendo အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ 

အဓိကျကျတဲ့ စကားလုံးအချို့ကို အသုံးပြုရှာဖွေကြည့်ရာမှာ အခုလို စတင်ပျံ့နှံ့မလာခင်မှာ ဒီတူညီတဲ့ဗွီဒီယိုကို ကရင်နဲ့ပတ်သက်တဲ့ သတင်းတွေ မျှဝေလေ့ရှိတဲ့ “ThandaungMupoe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ြသဂုတ် ၂၇ ရက်မှာ “၂၆.၈.၂၀၂၁ခုနစ်ရက်တုန်းက KNU တပ်မဟာ(၆) KNLA တပ်ရင်း(၁၇) တက်သိမ်း ခဲ့သော ခုတ်ခွား စခန်း ရှင်းလင်းနေသော VIDEO မှတ်တမ်း။”လို့ ရေးသားပြီး မျှဝေထားတာတွေ့ရပါတယ်။

https://www.facebook.com/109561191285094/posts/173184528256093

မူရင်းလင်ခ့် – ThandaungMupoeArchive link

ထို့အပြင် အဓိက စကားလုံးအချို့အသုံးပြုပြီး ခုတ်ခွားစခန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေရှာဖွေကြည့်ရာမှာ “ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားတောင်ရှိ စစ်ကောင်စီစခန်းတစ်ခု ယနေ့သြဂုတ်လ ၂၆ ရက်တွင် KNLA တပ်မဟာ ၆ မှ  သိမ်းယူနိုင်ခဲ့။ ရုပ်သံသတင်း-KIC”လို့ရေးသားပြီး ကရင်ပြန်ကြားရေးဌာနက Karen Information Center -KIC က တင်ဆက်ထားတဲ့သတင်းကို အောက်ကလင့်မှာတွေ့ရပါတယ်။

https://www.facebook.com/KICNewsPage/posts/1760559360795544

မူရင်းလင်ခ့် – Karen Information CenterArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုဟာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ခုတ်ခွားစခန်းကို KNLA ကမီးရှို့နေတဲ့ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:KNLA က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *