Fact Check: PDF တွေဝင်လာလို့ရွာသားတွေထွက်ပြေးရတယ်ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

PDF တွေဝင်လာလို့ ရွာသားတွေ ထွက်ပြေးရတဲ့ ဗွီဒီယိုလိုဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက ဧရာဝတီ-ချင်းတွင်းမြစ်ဆုံဒေသကို စစ်တပ်က ဝင်ရောက်စီးနင်းမှု ဗွီဒီယိုဖြစ်ပါတယ်။

“ဗွီဒယို နဲ့ တင်တာကို ဖင်ပိတ်ပြီး လိပ်ကို ဂျပိုးဖြစ်အောင် လာမန့်ဖို့မကျန်နဲ့

PDF အကြမ်းဖက်သမားများ  ဓားမြဝင်တိုက်လို့  ရွာသားများထွက်ပြေးနေရတဲ့ မြင်ကွင်း

ကျေးရွာများအတွင်း  အကြမ်းဖက် Pdf များ ဝင်ရောက်လာသောကြောင့် ကျေးရွာပေါင်း ၆ ရွာခန့်မှာ ရွာသား ၆၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးသည့်ရွာသားများအား လိုက်လံပစ်ခတ်ခဲ့ပြီး အဆိုပါ NLD ထောက်ခံသူ Pdf အကြမ်းဖက်များသည် လူမရှိတော့သည့် နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများအား ခိုးယူနေကြောင်းနှင့် ကျေးရွာများတွင် သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများကို ဖြတ်တောက်သွားကြောင်း သတင်းရရှိသည်။”လို့ရေးသားပြီး “ဇာတိမာန်” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

တူညီတဲ့ တူမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုပြီး ဖြစ်စဉ်ကို ရှာဖွေကြည့်ရာမှာ ၂၀၂၁ ခုနှစ်စက်တင်ဘာလအတွင်းက ဧရာဝတီနဲ့ချင်းတွင်းမြစ်ဆုံရာနေရာတွေကို စစ်တပ်က ဝင်စီးလို့ ရွာသား ၆၀၀၀ လောက်ထွက်ပြေးရတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Shafiur RahmanArchive link  

အဓိကျတဲ့ စကားလုံးအချို့နဲ့ ထပ်မံပြီးရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုကို Khit Thit Media က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်စွဲနဲ့တင်ထားတာတွေ့ရပြီး အောက်ပါအတိုင်းရေးသားထားပါတယ်။

“ဧရာဝတီ-ချင်းတွင်းမြစ်ဆုံဒေသတွင် စစ်ကောင်စီမှ ရွာများအတွင်း အကြမ်းဖက်ဝင်ရောက် ထွက်ပြေးသည့် ရွာသားများအား လိုက်လံပစ်ခတ်၊ ရွာသား ၆၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ၊ တန်ဖိုးရှိပစ္စည်းများ ခိုးယူ (ရုပ်/သံ)”

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဗွီဒီယိုဟောင်းတစ်ခုကိုအသုံးပြုပြီး အကြောင်းအရာကို လိုသလို ရေးသား မျှဝေပြီး သတင်းမှားဖြန့်နေတာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာအတွင်းက ဧရာဝတီ-ချင်းတွင်းမြစ်ဆုံ ဒေသမှာ စစ်တပ်က ရွာတွေကို အကြမ်းဖက်ဝင်စီးလို့ ရွာသားတွေ ထွက်ပြေးလာရတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF တွေဝင်လာလို့ရွာသားတွေထွက်ပြေးရတယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *