ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

“ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ “ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဉီးရေ သန်း ၁၀၀ အထိကူးစက်ခံရမယ်၊ ၂၀၂၀ နဲ့ ၂၀၂၁. ခုနှစ်တွေဟာအဆိုးရွားဆုံးနှစ်တွေဖြစ်မယ်၊ စီးပွားပျက်ကပ်တွေလည်းဖြစ်မယ်၊၂၀၂၂ မှ အကောင်း ဘက်ပြန်ရောက်မယ်၊ ဘင်္ဂလားဒေရှ့်တစ်နိူင်ငံလုံးနီးပါး ကူးစက်မှုဖြစ်ပြီး သေဆုံးမှု့အများဆုံးဖြစ်ကာ အလောင်း များတောင်လိုပုံမယ်၊ ဘူတန်နိုင်ငံက ကပ်ရောဂါသိပ်မခံစားရဘူး၊  ကပ်ရောဂါဟာ တရုတ်မှာစပြီး တရုတ်မှာ အကြီးအကျယ်ပြန့် အဆုံးသတ်သွားမယ်၊ မြန်မာပြည်မှာတော့ ဘုရား တရား မြဲတဲ့ ဒေသတွေဟာ ကပ်ရောဂါမ ှကင်းဝေးမယ်၊ ကပ်ရောဂါဖြစ်နေတဲ့ဒေသမှာ အကောင်းဆုံး ကာကွယ်ဆေးက ဘုရား တရား သံဃာကို နေ့တိုင်းရှိခိုး ရွတ်ဆိုနေခြင်းပဲ”စသည်ဖြင့် ရေးသားထားပါတယ်။ Fb link Archive link ဒီသတင်းကို […]

Continue Reading

ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ လှည့်စားထားတဲ့ သတင်း

ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့နိုင်ငံအတွင်း ထည့်သွင်းဖို့ ကြံနေတယ်ဆိုတဲ့ပို့စ်တွေ လူမှုကွန် ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေပါတယ်။ “Bangladesh Military Affairs”စာမျက်နှာက ရေးသားဖော်ပြချက်တွေကို ကိုးကားပြီး ပြန်လည်မျှဝေနေကြရာမှာ “Win Htein Oo” ၊ “Nay Zin Latt” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း အသီးသီးဖော်ပြထား တာတွေ့ရပါတယ်။  Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် “Win Htein Oo” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူ ဒီပို့စ်မှာပါတဲ့ပုံတွေထဲက AA တပ်ဖွဲ့ဝင်များအား ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် သင်တန်းပေးနေပုံဆိုတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ၂၀၁၄ ခုနှစ်က ဖေဖော်ဝါရီလထဲမှာ တောင်အာဖရိကဖောင်ဒေးရှင်းဟာ တရားမဝင်တောလိုက်တာတွေကို စောင့်ကြည့်မယ့်လုပ်ငန်းအတွက် ဒေါ်လာသန်းပေါင်းများစွာရရှိဆိုတဲ့ […]

Continue Reading