Fact Check: အမေရိကန်လေယာဉ်တင်သင်္ဘောကို IRGC တိုက်ခိုက်မှု ဗွီဒီယိုလား -မဟုတ်ပါ
ဟော်မုဇ်(Hormuz)ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် အမေရိကန် လေယာဉ်တင် သင်္ဘောကို အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုလို့ဆိုပြီး ဗွီဒီယိုပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ “အီရန်ရဲ့ IRGC က အမေရိကန်ရေတပ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားစဉ် ဒုံးကျည် ၂ စင်းဖြင့် ပစ်ခတ်ခဲ့သည်။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြု ရှာဖွေရာမှာ ဗွီဒီယိုဟာ လက်ရှိ အရှေ့အလယ်ပိုင်းစစ်ရေးဖြစ်ရပ်တွေနဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။ တကယ်တမ်းမှာ ဒီဗွီဒီယိုပါမြင်ကွင်းတွေကို ၂၀၁၆ ခုနှစ်ကတည်း အင်တာနက်မှာ တွေ့ရပြီး အမေရိကန်ရဲ့ […]
Continue Reading
