Fact Check: အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူကို ဂုဏ်ပြုစကားပြောတယ်ဆိုတဲ့ သတင်းတု
အမေရိကန်သမ္မတ ထရမ့်က ကေအန်ယူ(KNU)ကို ဂုဏ်ပြုစကားပြောတယ်ဆိုတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဗွီဒီယို တခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “KNU တပ်မဟာ 6/7 နယ်စပ် တလျှောက်မှာ ရှိတဲ့ နယ်ချဲ့စကစ စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က KNU ကို ကျေးဇူးတင်စကား/ ချီးကျူးစကားများနှင့် ဂုဏ်ပြုစကားများကို ပြောပါတယ် တဆက်တည်းမှာပဲ ကရင်ခွဲထွက်အဖွဲ့(DKBAငဘိ/DKBAစတီးလ်/KTLAဓားမြ/KPCထော့လေး/BGF-KNAချစ်သူ)တွေကို KNU နဲ့ အမြန်ဆုံးပြန်ပေါင်းဖို့ တပါတည်းပြောသွားခဲ့ပါတယ်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန် သမ္မတ ထရမ့်က နယ်စပ်စခန်းတွေ […]
Continue Reading