မွတ်ဆလင်အရေးကိုဆောင်ရွက်တဲ့အတွက် ICJ ကို ဒေါ်နယ်ထရန့်နဲ့ အစ္စရေးဝန်ကြီး ချုပ် တရားစွဲဆိုတဲ့ သတင်းမှား

အမေရိကန်သမ္မတထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတို့ဟာ မွတ်ဆလင်အရေးကို ဆောင်ရွက်ခဲ့တဲ့ အတွက် ICJ ကိုတရားစွဲမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ “Phoe Dha Nu”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင် ဗွီဒီယိုဖိုင်တစ်ခုဖြစ်တာတွေ့ရပြီး Burmese Time ဆိုတဲ့ ယူကျူ့ချန်နယ်တစ်ခု ပေါ်ကို ရောက်သွားမှာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် ၁၀ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုမှာ ခေါင်းစဉ်မှာ ICJ လို့အတိုခေါက်ခေါ်နေတဲ့ ကုသမဂ္ဂတရားရုံး(international court of justice)တပ်ထားပေမဲ့ ဗွီဒီယိုထဲမှာ ပြောတဲ့အကြောင်းအရာတွေဟာ ICC လို့အတိုခေါက်ခေါ်တဲ့ နိုင်ငံ တကာရာဇဝတ်ခုံရုံး(international criminal court) စုံစမ်းစစ်ဆေးရေး အရာရှိတွေကို ဗီဇာထုတ်မပေးဖို့နဲ့ အမေရိကန်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေပိတ်ဆို့ဖို့အမိန့်တစ်ရပ်လက်မှတ်ရေးထိုးအကြောင်းတွေပဲဖြစ်တာတွေ့ရပါတယ်။  Google မှာ […]

Continue Reading

၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ သတင်းမှား

၂၀၂၀ မှာ NLD အမတ် ၆၈ ရာခိုင်နှုန်း အစ္စလာမ်ဘာသာဝင်ဖြစ်ဖို့ မူဝါဒချထားတယ်ဆိုတဲ့ စာသားဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  Radia Free Myanmar ဆိုတဲ့အမှတ်တံဆိပ်နဲ့ မီဒီယာတစ်ခုက သတင်းရေးသားထားဟန်ရှိတဲ့ သတင်း screenshot ဒီစာသားဓာတ်ပုံမှာ ပါတီထိပ်တန်းတာဝန်ရှိသူတွေက ပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ၂၀၁၉ ခုနှစ်ကတည်းက ဒီမူဝါဒချမှတ်ထားပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။ ဒီ screehshot ကို “မုန်တိုင်း”၊ “Ngwe Soe”စတဲ့အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဇွန်၉ ရက်မှာ ဖော်ပြခဲ့တဲ့ မစ္ဈိမသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူဝါဒအကြောင်းကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က […]

Continue Reading