Fact Check: အစိုးရ ဒီထက်လိုလာရင် တပ်ကို ထုတ်သုံးရမယ်လို့ ဦးခင်ရီပြောခဲ့သလား

အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေးဆို့တဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာပြန့်နှံ့နေတာတွေ့ရပါတယ်။ ဦးခင်ရီပုံမှာ “အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေး”ဆိုတဲ့ စာသားကိုထည့်သွင်းထားတဲ့ ဓာတ်ပုံနဲ့အတူ ဦးခင်ရီကို ပုတ်ခတ်တဲ့ စာတွေရေးသားပြီးပို့စ်တင်နေတာကိုတွေ့ရပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်ဟာ သတင်းမှားဖြစ်တာ တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive Link အချက်အလက်စိစစ်ချက် Google မှာ “အစိုးရအနေနဲ့ မဲရုံနဲ့ဆေးရုံ ဘယ်ဟာကပိုအရေးကြီးနေလဲ”၊ “ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး သတင်းဌာနတစ်ချို့မှာဖော်ပြချက်ရှိ မရှိရှာဖွေရာမှာ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရှိရပါဘူး။  ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့တိုက်တွန်းထားတဲ့ ဉီးခင်ရီရဲ့ ပြောကြားချက်ဗွီဒီယိုဖိုင်ကို အကုန်သိသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ၁၁ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာလည်း ဦးခင်ရီက အထက်ပါပို့စ်တွေမှာပြောကြားခဲ့သလို […]

Continue Reading

Fact Check: အမေရိကန်ဖွဲ့စည်းပုံဉပဒေမှာ သမ္မတက ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းထားသလား-မဟုတ်ပါ

အမေရိကန်မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမည်လို့ ဉပဒေနဲ့ ဘာသာရေးကို ကန့်သတ်ထားတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဉပဒေ ၅၉(စ)မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင်ခွင့်မရှိဘူးဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒီပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ အမေရိကန်ဖွဲ့အစည်းပုံ အခြေခံဉပဒေမှာ သမ္မတအပါအဝင် အစိုးရဝန်ထမ်းဖြစ်ဖို့အတွက် ဘာသာရေးယုံကြည်မှုကို ထုတ်ဖော်ပြောကြား ရန် မလိုအပ်တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုတွေကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို “Kyaw Moe Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၄၀ ရှိပါတယ်။ သို့သော်လည်း ဒီပို့စ်အောက်က မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် မယုံကြည်သူအများအပြားရှိပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading