Fact Check: မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ကြေညာခဲ့တယ်ဆိုတာမဟုတ်ပါ

မြန်မာနိုင်ငံမှာ Covid-19 ကာကွယ်ဆေးကို ၂၀၂၀ နှစ်ကုန်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့ တယ်ဆိုပြီး မျှဝေနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ စံတော်ချိန်သတင်းစာနဲ့ TV မှာ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ covid 19 ရောဂါကာကွယ်ဆေး တရားဝင်ရရှိပြီလို့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကြေညာခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နှစ်ကုန်ပိုင်းမှာ ဆေးရမယ်လို့ တရားဝင်ပြောကြားထားပါတယ်ဆိုပြီးတော့ရေးသားထားပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ သတင်းမှားဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ဆေးကို နှစ်ကုန်ပိုင်းမှာ ရမယ်လို့ ပြောကြားခဲ့ခြင်းမရှိသလို WHO ကလည်းပြောကြားခဲ့ခြင်းမရှိပါဘူး။ အလားတူပြောဆိုမျှဝေနေတဲ့ ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: NLDအမတ်လောင်းတွေထဲ မွတ်ဆလင်အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ သတင်းအမှား

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် NLDပါတီကနေ ဝင်ရောက်အရွေးခံမဲ့ ကိုယ်စာလှယ်လောင်းတွေထဲမှာ မွတ်ဆလင်ဘာသာကိုးကွယ်တဲ့အမတ်လောင်း ၆၃ဦးပါဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ရန်ကုန်တိုင်းမှ မွတ်အမတ် ၁၂ဦး၊ စစ်ကိုင်းတိုင်းမှ မွတ်အမတ် ၉ ဦး၊ ဧရာဝတီတိုင်း ၈ ဦး၊ မကွေးတိုင်း ၈ ဦး၊ ရခိုင်ပြည်နယ်မှ ၇ ဦး၊ မွန်ပြည်နယ် ၆ ဦး၊ ပဲခူးတိုင်းမှ ၆ ဦး၊ မန္တလေးတိုင်း ၅ဦး၊ ကရင်ပြည်နယ် ၂ဦး စုစုပေါင်း ၆၃ဦး”ဆိုတာကို Screen Shotရိုက်ထားတဲ့ ပုံနဲ့အတူ NLDပါတီကို ဘာသာရေးအရ တိုက်ခိုက်တဲ့အရေးအသားနဲ့ ပို့စ်တင်ထားတာကို တွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ မူရင်းလင်ခ့် –FB Link  |  Archive […]

Continue Reading

Fact Check: ဂျာမနီ Condor လေကြောင်းလိုင်းဖွင့်ပွဲက ရွှေတိဂုံပုံစံတူ ကိတ်မုန့် ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ ဆင်နွှဲမှုအဖြစ် ဖော်ပြနေ

ရွှေတိဂုံပုံစံတူ ကိတ်မုန့်တစ်ခု နိုင်ငံခြားသားများခွဲနေဟန်ပုံကို  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပွဲဆင်နွှဲမှုအဖြစ် လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ဂျာမနီအခြေစိုက် လေကြောင်းလိုင်းတစ်ခုက ရန်ကုန်သို့ ပြေးဆွဲမှုစတင် ဖွင့်လှစ်ခြင်းအခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ရွှေတိဂုံဘုရားပုံကိတ်ကို နိုင်ငံခြားသားတွေလှီးပေးခဲ့တယ်လို့ရေးသားထားတဲ့ ဓာတ်ပုံပို့စ် “အရှင် အာသဘ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းနဲ့ အသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို ၂၀၁၄ ခုနှစ် ဧပြီဝန်းကျင်က ဘလော့ဂ်ပို့စ် အများအပြားမှာ တွေ့ရပါတယ်။ “ဂျာမနီနိုင်ငံ ဖရန့်ဖတ် လေဆိပ်ကနေ ရန်ကုန် လေဆိပ်ကို မရပ်မနား တိုက်ရိုက်ပျံသန်းမယ့် Condor ဂျာမနီ လေကြောင်း […]

Continue Reading