Fact Check: အာရပ်စော်ဘွားများပြည်ထောင်စုရောက် ဟိန္ဒူသာသနာပြုအဖွဲ့ပုံ ကို ဆော်ဒီအာရေးဗီယားက သံဃာတွေအဖြစ်မျှဝေ

ဆော်ဒီအာရေးဗီးယားမှာ သံဃာတွေကို အရိုအသေပေးပုံအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက ပြန်လည် မျှဝေထားတွေ့ရပါတယ်။ မြန်မာနိုင်ငံက ဘာသာကို မစောင့်ရှောက်ပေမဲ့ အစ္စလာမ်ဘာသာတရားကို ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံက ဘုန်းတော်ကြီးတွေကို အရိုအသေပေးနေတယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ဆော်ဒီအာရေးဗီးယားကမဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု က ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အသုံးပြုထားတဲ့ ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ “Satsang Tour of UAE, Oman and Bahrain”လို့ရေးသားထားတဲ့ baps.org က မျှဝေထားတာတွေ့ရပါတယ်။ အိန္ဒိယအခြေစိုက် ဟိန္ဒူသာသနာပြုအဖွဲ့က အာရပ်စော်ဘွားများပြည်ထောင်စုမှ သာသနာပြုခရီးသွားစဉ်က ပုံဖြစ်တယ်လို့ရေးသားပြီး မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Baps.org […]

Continue Reading

Fact Check: NLDပါတီ ဗဟိုကော်မတီအစည်းဝေးကနေ ဦးဝင်းထိန်အုပ်စုထွက်သွားတယ်ဆိုတဲ့သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီရဲ့ ပြီးခဲ့တဲ့ ၂၄ရက်နေ့ကကျင်းပခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဝန်ကြီးချုပ်တာဝန်ယူထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဖြစ်ခဲ့ပြီး အစည်းဝေးမပြီးခင် ဦဝင်ထိန်လူတွေက အစည်းအဝေးမပြီးခင် ထွက်လာခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နေပြည်တော်မှာ ယနေ့ကျင်းပနေတဲ့ NLD ဗဟိုပါတီဝင်များအစည်းအဝေးမှာ ၊ ဝန်ကြီးချုပ်တာဝန်ယူ ထားသူတွေနဲ့ ပါတီတာဝန်ယူထားသူတွေအကြား အကြိတ်အနယ်ဆွေးနွေးမှု့တွေလုပ်အပြီး ၊ ဦးဝင်းထိန်အုပ်စုမှ လူအများစု အစည်းဝေးခန်းမထဲကထထွက်သွားကြတယ်လို့သိရပါတယ် ၊ ထိုသို့အကြိတ်အနယ်ဆွေးနွေးမှု့မှာ ငွေကြေးကိစ္စနှင့် မဲမသမာမှု့ကိစ္စများအကြောင်းဖြစ်နိူင်တယ်လို့ NLD အုပ်စုကို အနီးကပ်လေ့လာနေသူများက သုံးသပ်ကြောင်းသိရပါတယ်။ (ကျွန်တော် သူတို့နဲ့အနီးဆုံးနေရာမှာရှိနေပါတယ်)”လို့ ရေးသားထားတာ တွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့  ဒီနေရာတွေမှာ ပြန်လည်ကူးယူဖော်ပြတာတွေ့ရပြီး မူရင်းပို့စ်ကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ တောင်ဉက္ကလာအမတ်ပြောခဲ့သလား-မဟုတ်ပါ

ဒေါ်အောင်ဆန်းစုကြည်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ တောင်ဉက္ကလာပအမတ်ဦးထွန်းငွေပြောတယ်ဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိတာတွေ့ ရပါ တယ်။ ပါတီရန်ပုံငွေဖြင့်ထုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဘုရားစုပန်နေပုံရုပ်တုများကို ယနေ့ထုတ်ဖော် ပြသရင်း  တောင်ဉက္ကလာပလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းငွေက Yangon Times ကို အခုလိုပြောတယ် ဆိုပြီးတော့ ရေးသားထားပါတယ်။ ပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတုရုပ်တု အချို့လည်းပါဝင်ပါတယ်။ သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ နာရေးကူညီမှုအသင်းဉက္ကဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူက ပြည်မြို့မှာ တည်ထားကိုးကွယ်ထားတဲ့ ပရဟိတစေတီတော်မှာ ထည့်သွင်းထုလုပ်ခဲ့တဲ့ ရုပ်တုတွေဖြစ်တာတွေ့ရပြီး တောင်ဉက္ကဌလာပလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း ဦးထွန်းငွေအမည်နဲ့ လွှတ်တော်ကိုယ်စားလှယ်မရှိပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတာတွေကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: မဲစာရင်းအမှားများ UEC နဲ့သာသက်ဆိုင်လို့ ဒေါက်တာ မျိုးညွှန် ပြောတဲ့ သတင်းတု

မဲစာရင်းအမှားများဟာ ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီက ဒေါက်တာမျိုးညွှန့်ကပြောတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူတွေကြား ပျံ့နှံ့နေခဲ့တာတွေ့ရပါတယ်။   ဒေါက်တာမျိုးညွှန့်ရဲ့အင်တာဗျူးနေသည့် ဓာတ်ပုံနှင့် တကွဖော်ပြထားတဲ့ ဒီပို့စ်မှာ ဒေါက်တာမျိုးညွှန့်က မဲစာရင်း အမှားတွေထုတ်ပြန်နေလဲအပိုပဲ၊ သူတို့လုပ်ထားတာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့သာသက်ဆိုင် ပြောကြားထားပါတယ်။  သို့သော်လည်း သတင်းစာမှာရေသားဖော်ပြဟန်နဲ့ ပြောဆိုရေးသားချက်တွေဟာ အတုအပဖန်တီးခြင်းဖြစ်တာ Fact Crescendo အနေနဲ့ တွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ သတင်းစာအပိုင်းအစဟာ ဘယ်သတင်းဌာနဆိုတာဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ဒေါက်တာမျိုးညွှန့်နဲ့ အင်တာဗျူးနေဟန်နဲ့ ဓာတ်ပုံကို ၂၀၁၈ ခုနှစ် […]

Continue Reading

Fact Check: မဲရုံမှူးဆရာ/မတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ်တွေကို ၂၃ရက်နေ့မှာ ဖမ်းမယ်ဆိုတဲ့ သတင်းအမှား

မဲရုံမှူး၊ မဲရုံစောင့်ဆရာ၊ ဆရာမတွေ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ကိုယ်စားလှယ်လောင်းတွေနဲ့ ဝန်ကြီးချုပ် တွေကို ဇန်နဝါရီလ ၂၃ရက်နေ့မှာ သက်ဆိုင်ရာရဲစခန်းကနေ ဝရမ်းထုတ်ပြီး ဖမ်းဆီးမယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံကတော့ “ဘာထူးလဲမေးနေသူတွေအတွက်ပါ။ (၂၃-၀၁-၂၀၂၁)မှာလူဖမ်းပွဲစမယ်၊ အပြစ်ရှိသူ အားလုံးကို သက်ဆိုင်ရာရဲစခန်းတွေက ဝရန်းထုတ်ပြီးဆင့်ခေါ်လိမ့်မယ်၊ မိမိအမှားကို ဝန်ခံသူတွေအတွက် သက်သာရာရမယ် ၊ အမှားဝန်မခံသူတွေကို သူတို့ကျူးလွန်ခဲ့တဲ့အထောက်အထားတွေကို ဓါတ်ပုံ ဗီဒီယိုသက်သေ တွေနဲ့ ထုတ်ပြလိမ့်မယ်၊ အနဲဆုံးပြစ်ဒဏ် (၃)နှစ်ကနေ (၅)နှစ်အထိကျခံရနိူင်တယ်၊ ဆရာ/ဆရာမ အယောက် တသောင်းကျော်၊ မဲရုံမှူး၊ မဲရုံတာဝန်ရှိသူရပ်ကျေးအုပ်ချုပ်သူ အယောက်တသောင်းကျော်၊ ကိုယ်စာလှယ်လောင်း တရာကျော်၊ ဝန်ကြီးချုပ် (၈)ယောက်၊ အခြားကူညီပံ့ပိုးသူ နှစ်သောင်းကျော် ပါတယ်လို့သိရတယ် ၊ ဒီလောက်ပါဘဲ ၊ ဆက်လက်စုံစမ်းနေပါတယ်။”လို့ ရေးသားထားပါတယ်။ ဒီပို့စ်ကိုပဲ ဒီနေရာ ဒီနေရာနဲ့ […]

Continue Reading

Fact Check: မိုးကုတ်မှာ ပြည်တန်ပတ္တမြားတစ်လုံး ပေါ်ထွက်တယ်ဆိုတဲ့ သတင်းအမှား

မိုးကုတ်မြို့မှာ ပတ္တမြားငမောက်တလုံးတွေ့ရှိပြီး ဒါဟာလက်ရှိအစိုးရရဲ့ ဘုန်းကံကြောင့်ပေါ်ထွက်လာတာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာတော့”ဒီတစ်ခါ ငမောက်ပတ္တမြား မြန်မာပြည်က ဘုရင်မ အတွက်ပဲ ”လို့ ခေါင်းစဉ်တပ်ထားပြီး “မိုးကုတ်မြေမှ နောက်ထပ်ပတ္တမြားငမောက် ထွက်ပေါ်ဘုန်းကံကြီးမားပြီး တရားစောင့်တဲ့၊ မင်းကောင်းမင်းမြတ်တွေလက်ထက်မှာ မြေအောက်ထဲက အဖိုးတန်တဲ့ကျောက်မျက်ရတနာတွေ မြေပေါ် ပေါ်ထွက်လာရတယ်လို့ ယုံကြည်စကား ရှိကြပါတယ်။ အခုလည်း မိုးကုတ်မြေကနေ အလွန်တစ်ရာမှ အဖိုးထိုက်တန်မယ့် ပတ္တမြားကြီးတစ်လုံး ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ကာရက် ၉၀ကျော်တဲ့ပတ္တမြားကြီးတစ်ပွင့်ကို မိုးကုတ်မှာ တူးဖော်ရရှိလို့ သက်ဆိုင်ရာဆီအပ်နှံလိုက်ပါပြီ … တဲ့။ မြန်မာ့သမိုင်းမှာ နာမည်ကျော် ပတ္တမြားငမောက်ကြီးဟာ မိုးကုတ်မြေက ထွက်ခဲ့တာပါ။ အခု…အေမစု လက်ထက်မှာ တွေ့ရှိတဲ့ ပတ္တမြားကြီးကရော နောက်ထပ်ပတ္တမြားငမောက်လို့ ပြောရလေမလား? ပတ္တမြားငမောက်အကြောင်း ဖတ်ဖူးခဲ့သလောက် ရတီ ၉၀ကျော်ပဲရှိတယ်ဆိုတော့ ၈၂ကာရက္နီးပါးပဲရှိနေပါတယ်။ အခုက […]

Continue Reading

Fact Check: တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့ မုံရွာအောင်ရှင်မပြောခဲ့ပါ

တပ်မတော်သတင်းမှန်ပြန်ကြားရေးစာမျက်နှာပိတ်သိမ်းဖို့  á€™á€Żá€śá€›á€˝á€Źá€Ąá€ąá€Źá€„်ရသင်က ပြောတယ်ဆိုပြီးတော့ ပြန်လည်မျှ ဝေထားတွေ့ရပါတယ်။ သတင်းစာတစ်ခုရဲ့ အပိုင်းအစလို့ယူဆရတဲ့ ဓာတ်ပုံပို့စ်ထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ရဲ့ ဓာတ်ပုံနှင့်တကွ မဲစာရင်းအမှားတွေ တင်နေတဲ့ တပ်မတော်သတင်း မှန်ပြန်ကြားရေးစာမျက်နှာကို ပိတ်သိမ်းဖို့ Facebook ကုမ္ပဏီကို ပြောပြီးလို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလို ပျံ့နှံ့ လျက်ရှိတဲ့အကြောင်းအရာနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ကို Fact Crescendo Myanmar က […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ဆေးကုဖို့ နိုင်ငံခြားထွက်မှာလား

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆေးကုဖို့ ပြည်ပသို့  ဇန်နဝါရီ ၂၁ နေ့မှာ သွားဖို့ စီစဉ်ထားတယ်လို့ ရေးသားထားတဲ့ ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၂၁ နေ့မှာ ဆေးကုဖို့ ပြည်ပသို့ ထွက်မှာဖြစ်ပြီး  အခြားနိုင်ငံတွေကို သူ့အစိုးရကို ထောက်ခံဖို့အတွက်သွားပြောမှာလို့လည်း ရေးသားထားပါတယ်။ ရှရှား ကာကွယ်ရေးဝန်ကြီး လာမယ့်အချိန်နဲ့ အဝင်အထွက်လုပ်ထားတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ပျံ့နှံမှုအားကောင်းခဲ့တဲ့ “မျိုး ဝင်း” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ မျှဝေထားတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေး သားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “မျိုး ဝင်း” အမည်နဲ့ အကောင့်ဟာ ဇန်နဝါရီ ၁၉ ရက်မှာ ထပ်ပြီးတော့ […]

Continue Reading

Fact Check: မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်လို့ ဦးဝင်းထိန် ပြောခဲ့ သလား- မဟုတ်ပါ

မဲမသမာမှုတွေ ရှင်းပြီးမှာ အစိုးရဖွဲ့သင့်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးဝင်းထိန်ကပြော တယ်ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ မဲ မသမာမှုကိုတော့ သူ့အနေနဲ့ လက်မခံကြောင်းနဲ့ နိုင်ငံခြားသား အကြံပေးတွေပေါင်းပြီးကြံတာလို့ ကြားရ ကြောင်း၊အကုန်ထောင်ကျလိမ့်မယ့်အကြောင်း ဦးဝင်းထိန်က ပြောကြားတယ်ဆိုပြီးတော့ ဓာတ်ပုံနှင့် တကွဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက NLD နာယက ဦးဝင်းထိန်အနေနဲ့ ြသဂုတ်လနောက်ပိုင်းမှာ မည်သည့်မီဒီယာနဲ့မှာ ပြောဆိုခဲ့ခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ […]

Continue Reading

Fact Check: အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်တကြိမ်ထပ်ဖြစ်တယ်ဆိုပြီး ရေးသားတဲ့ ဗွီဒီယိုအမှား

စစ်သားတွေနဲ့ လူထုကြားပဋိပက္ခဖြစ်ပွားနေတဲ့ဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဖြစ်ပွားတဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံကို သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုပြီး ရေးသားကာ လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို “American မှာ ထပ်ပြီး ပွဲဆူနေပြီ Joe Biden ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ထားဟု ကြားသိရ”လို့ အညွှန်းတပ်ပြီး သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုးအဖြစ် ပုံဖော်ရေးသားထားပါတယ်။ အောက်ကပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၆ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ သမ္မတထရန့်လိုလားသူတွေက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းသလို နောက်ထပ်ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုတာမျိုး နိုင်ငံတာသတင်းမီဒီယာတွေမှာ ဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒီဗွီဒီယိုရဲ့ ညာဘက်အပေါ်ဒေါင့်မှာပါတဲ့ RTဆိုတဲ့ […]

Continue Reading