Fact Check: ဗြိတိန်ဝန်ကြီးချုပ်မောင်းထုပုံကို မြန်မာနိုင်ငံက ဒန်အိုးတီးတဲ့ လှုပ်ရှားမှုနဲ့မဆိုင်ပါ

အာဏာသိမ်းမြန်မာတပ်မတော်ကို မြန်မာပြည်သူတွေလိုပဲ  မြန်မာရိုးရာမောင်းကို ထုပြီး ဗြိတိသျှ ဝန်ကြီး ချုပ် ဘောရီဂျွန်ဆင်(Boris Johnson)က သတိပေးခဲ့တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ရေးသားမျှဝေထား တာတွေ့ရပါတယ်။ သို့သော်လည်း ဗြိတိသျှ ဝန်ကြီးချုပ် ဘောရီဂျွန်ဆင် ဒီမောင်းခတ်နေတဲ့ ပုံဟာ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အင်တာနက်မှာ ပျံနှံ့လျက်ရှိတာတွေ့ရပါတယ်။ “စစ်မိစ္ဆာကောင်တွေ နိမိတ်မကောင်း မြန်မာရိုးရာမောင်းကို အားမာန်အပြည့် ထုပြီးအာဏာလုမိစ္ဆာကောင်ကို သတိပေးလိုက်ပြီ ဗြိတိသျှ ဝန်ကြီးချုပ် Boris Johnson Prime minister of The Unitedkingdom အဂ်လန်ဝန်ကြီးချုပ်သည် မနေ့ကမြန်မာပြည်သူများ သံပုံးတီး စစ်အာဏာတွန်းလှန်ခြင်းကို အသိမှတ်ပြုထောက်ခံသေားအားဖြင့် မြန်မာပြည်သူတွေနဲအတူ မြန်မာဒီမိုကရေးစီကို ကူညီသွားမည်ဟုပြေားကြား Crd: PHOTO ကိုကိုနောင်”လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကာကွယ်ဆေးလုသွား တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်က လုယူသွားတယ်ဆိုပြီးတော့ လူမှု ကွန် ယက်အသုံးပြုသူများအကြားမျှဝေလျက်ရှိပါတယ်။ “ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်မှမတရားလုယူသွားပြီးဟုသိရပါတယ်”လို့ ရေးသားပြီးဖေဖော်ဝါရီ ၁ရက်က မျှဝေထားရာမှာ အများအပြားကပြန်လည်မျှဝေခဲ့ပါတယ်။ ဒီလိုမျှဝေနေတဲ့ အကြောင်းအရာဟာ မဟုတ်မှန်ကြောင်း ရန်ကုန်ဆေးရုံးကြီးက ပြန်လည်ရှင်းလင်း ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံးကြီးရဲ့ တရားဝင်ဖေ့စ်ဘွတ်စာ မျက်နှာက ဖေဖော်ဝါရီ ၁ ရက်မှာ အောက်ပါအတိုင်း ရှင်းလင်းထားပါတယ်။ မူရင်းလင်ခ့် – Yangon General Hospital |  Archive link သုံးသပ်ချက် အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီးမှ ကိုဗစ်ကာကွယ်ဆေးများအားလုံးကိုစစ်တပ်ကလုယူသွား တယ်ဆိုပြီးမျှဝေနေတာဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ Title:ရန်ကုန်ဆေးရုံကြီးက […]

Continue Reading