Fact Check: ရခိုင်နဲ့ ကရင်ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်ကပုံဟောင်းများကို ကရင်ပြည်နယ်မှာ လေကြောင်းက တိုက်ခိုက်ခံရပုံများအဖြစ်မျှဝေ
ကောင်းကင်မှာ တိုက်လေယာဉ်များ ပျံ့သန်းနေပုံ၊ သက်ကယ်အိမ်အချို့ မီးလောင်နေတဲ့ပုံတွေနဲ့အတူ ကရင်ပြည်နယ်မှာ မတ် ၃၀ ရက်ဖြစ်စဉ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။ ကရင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အတွင်း ရခိုင်ပြည်နယ်မှာ ကျေးရွာတွေမီးရှို့ခံရမှုနဲ့ ၂၀၁၃ ခုနှစ် မတ်လ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း မီးလောင်မှုဓာတ်ပုံဖြစ်ပါ တယ်။ “ကရင်ပြည်နယ်-မတ်လ ၃၀😢😢😢😢😢 ”လို့ရေးသားပြီး “Khun Thein Naing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၁သောင်းကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link […]
Continue Reading