Fact Check: ၂၀၁၆ ခုနှစ်က နေပြည်တော်အေလာလေဆိပ်အနီးမှာ လေယာဉ်ပျက်စဉ်က ဗွီဒီယိုကို ပြင်ဉီးလွင်မှာ ယနေ့ လေယာဉ်ပျက်ကျမှုအဖြစ်မျှဝေ

ပြင်ဦးလွင်မှာ ယနေ့လေယာဉ်ပျက်ကျမှုအဖြစ် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြင်ကွင်းတွေပါဝင်တဲ့ ဗွီဒီယိုတစ်ခုကိုဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက မျှဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ ကယ်ဆယ်ရေး ဝတ်စုံဝတ်အရပ်သားအချို့နဲ့ စစ်သားတွေက အလောင်းတွေကို သယ်ဆောင်လာတဲ့မြင်ကွင်းပုံတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်လေယာဉ်တစ်စီး နေပြည်တော် လေဆိပ်က အတက်မှာပျက်ကျမှုဖြစ်စဉ်ကဖြစ်တာရပါတယ်။  “ပြင်ဦးလွင်အနီးလေယဥ်ပျက်ကျတဲ့ ရုပ်သံဖိုင် June 10”စသည်ဖြင့် ရေးသားပြီး“Nyi Naing”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဗွီဒီယိုကို အောက်ပါအတိုင်း မျှဝေထားရာမှာ နာရီပိုင်းအတွင်း ပြန်လည်မျှဝေသူ ၆ ထောင်ကျော်ရှိပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ The Hakar Post မီဒီယာကလည်း ဒီဗွီဒီယိုဖိုင်ကို ဇွန်လ ၁၀ ရက် ပြင်ဦးလွင်အနီး စစ်တပ်လေယာဉ်ပျက်ကျတဲ့ ဗွီဒီယိုဖိုင်လို့ရေးသားမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အလှမယ်ထားထက်ထက်ကို တိုက်ခိုက်တဲ့ သတင်းတု RFM ဖြန့်ဝေ

လက်နက်ကိုင်တစ်ဖြစ်လဲ အလှမယ်ထားထက်ထက် မုဒိန်းကျင့်ခံရပြီး အဖမ်းခံထားရတယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ အလှမယ် ထားထက်ထက်က မီဒီယာတစ်ခုကို သူဖြေဆိုထားတဲ့ အင်တာဗျူးကို ပုံမှားရိုက်ဖြန့်ထားခြင်းဖြစ်ပြီး သူ့အနေနဲ့ဘေးကင်းလုံခြုံတယ်လို့ လူမှု ကွန်ယက်က တစ်ဆင့် အသိပေးထားပြီးဖြစ်ပါတယ်။  “သူပုန်ကို ကယ်တင်ရှင်ဆိုပြီး အားကိုးတဲ့ ထားထားထက်တို့ သူရဲကောင်းအဖွဲ့ ဘာတွေဖြစ်ကုန်ပြီလဲ? ဒါ့ကြောင့်ပြောတာ၊ပျက်စီးချိန်တန်ရင် အတွေးမှားတယ် လို့။ဖင်ပိတ်ငြင်းကြအုံးလေ။ထို့အတူ အပြောကြီး ဟိတ်ဟန်ကောင်းတဲ့ CRPG NUG GZ PDF CDM စတဲ့ အရေခြုံတွေကို ယုံမိရင်လည်း ဘာဖြစ်မလဲ? စဉ်းစားကြ အရမ်းမလုပ်နဲ့။”စသည်ဖြင့် ရေးသားပြီး“U Dham Mika”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားပါတယ်။ ဒီလိုမျှဝေထားတဲ့ screenshot ဓာတ်ပုံတစ်ခုထဲမှာဆိုရင် ထားထက်ထက် မုဒိန်းကျင့်ခံရကြောင်း မိခင်ဖြစ်သူကို ငိုယိုပြောနေတယ်လို့ ပါဝင်ပါတယ်။ […]

Continue Reading