Fact Check: ဒီဗွီဒီယိုက မကွေးတိုင်းက ကင်းမမီးလောင်မှုဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိပါ

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ကင်းမရွာမှာ လူငယ်တွေက မီးရှို့ခဲ့တဲ့ ဗွီဒီယိုဖိုင်ဆိုပြီးတော့ လူမှုကွန်ယက် မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ ဝါးထရံနဲ့ သစ်သားပုံတစ်ခုအပေါ်မှာ မိုလိုတော့ဗ်ကို လှမ်းပစ်လိုက်ပြီး မီးရှို့တဲ့ဖြစ်စဉ်နဲ့ အဝေးတစ်နေရာကနေ သေနတ်ပစ်သံအချို့ကြားရပြီးနောက် ထွက်ပြေးကြတဲ့ ပုံတွေ ပါဝင် ပါတယ်။ မကွေးတိုင်းပေါက်မြို့နယ် ကင်းမရွာမှာ ဇွန် ၁၅ ရက်ကစစ်တပ်ရောက်လာပြီးနောက် မီးရှို့ခံရတဲ့ သတင်းကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေရပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ပေါက်မြို့နယ်က မီးလောင်မှုဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ မုဒုံမြို့နယ်က ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ “ကင်းမရွာကို ဘယ်သူရှို့လည်း ထမိန်ခြုံထဲက ခေါင်းထွက်ကြည့်ကြ”စသည်ဖြင့် ရေးသားပြီး“Htet Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပို့စ်ကိုပြန်လည်မျှဝေမှု ၁ ထောင်ရှိပါတယ်။ ကင်းမရွာဖြစ်စဉ်အဖြစ် မျှဝေထားတာကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: NLD ကို အကြမ်းဖက်လို့ ကုလအပြစ်တင်ခဲ့သလား-မဟုတ်ပါ

ကုလသမဂ္ဂ(United Nations)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို အကြမ်းဖက်မှုတွေအတွက် အပြစ် တင်လိုက်တယ်လို့ ရေးသားပြီး  လူမှုကွန်ယက်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ ဇွန် ၃ရက်က စတင်ပျံ့နှံ့ခဲ့တဲ့ ဒီသတင်းမှာကိုးကားထားတဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့ ပြောခွင့်ရ စတက်ဖနီဒူဂျာရစ်ခ် (Stéphane Dujarric)ရဲ့ ပြောကြားချက်ဟာ မှန်ကန်ပေမဲ့ NLD ကို အကြမ်းဖက်အဖြစ် အပြစ်တင်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။  “NLD အကြမ်းဖက်အဖွဲ့ကို ကုလသမဂ္ဂအပြစ်တင်”လို့ရေးသားပြီး “RFM : Yangon, 3 – 6 – 2021”လို့လည်း သတင်းရေးသားတဲ့နေ့အဖြစ်ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး သတင်းရဲ့ စာကိုယ်အဖြစ် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဒီမိုကရေစီကိုဘမ်းပြပြီး ရွေး ကောက်ပွဲကတဆင့် မတရားသော နည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့သည့် ဒေါ်ဆုကျည်နှင့်အဖွဲ့ဟာ အိပ်မက်ကောင်းခန်းရောက်မှ […]

Continue Reading