Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု
တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။ သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ “မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]
Continue Reading