Fact Check: ကျူးကျော်အိမ်တွေဖျက်ပြီးနောက်တွေ့ရတဲ့လက်နက်တွေလား-မဟုတ်ပါ
လမ်းဘေးကျူးကျော်နေအိမ်တွေကို ဖျက်သိမ်းလိုက်ပြီးနောက် တွေ့ရတဲ့လက်နက်တွေဆိုပြီးတော့ လက်နက်ခဲ ယမ်းပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူများအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကျူးကျော်တဲတွေရှင်းလင်းမှုကနေ အဆင့်မြင့်လက်နက် ကိုးသောင်းကျော်တွေ့ရှိခဲ့ရပြီး NLD က၂၀၁၈ ခုနစ်ထဲကတည်းက မြန်မာနိုင်ငံကို ဖျက်ဆီးဖို့အကြံအစည်ကို စစ်တပ်ကတွေ့ရှိရတာဖြစ်တယ်လို့ရေးသားထားပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ ကျူးကျော်တွေကိုဖျက်သိမ်းမှုမတိုင်ခင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကျူးကျော်တဲဖယ်ရှားမှုကနေ လက်နက်အမြောက်များတွေ့ရတယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။ အောက်ဖော်ပြပါစာပိုဒ်ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ အကြောင်းအရာက ကောက်နှုတ်ချက် ဖြစ်ပါတယ်။ “ကျူးကျော်တွေက မိတဲ့လက်နှက်တွေ.NLD.ကြိုတင်ပြီးယုတ်မာထားပုံ ကျူ း ဘာတွေလုပ်လည်းလို့မေးသူမရှိဘူး ကျူ းဖျက်လို့ $ ပစ်ပြောသာပဲရှိတယ် ကျူ း တွေ ကဘာတွေလုပ်လည်း ဆိုတာ သက်သေ ပြစရာတွေအများကြီး ထဲက ယ္ခုဖြစ်စဉ်တစ်ခုကသက်သေပဲ ကျူ းတွေသာ နစက ကြီးကမဖျက် မြန်မာပြည့်ရှေ့ရေး တွေးရဲစရာမရှိပါဘူး ဆီးရီးယားးး အာဖဂန် တို့ထင်ပိုဆိုးမယ် ကျုပ်တို့မြန်မပြည် အနောက်အုပ်စုနဲ့ ဝက်မစားနိင်ငံတွေ […]
Continue Reading