Fact Check: ဒီဓာတ်ပုံက ရှမ်းတောင်ရှမ်းမြောက်ဆက်လမ်းပုံလား-မဟုတ်ပါ
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာတောတောင်တွေအကြားဖောက်ထားတဲ့ ရင်သပ်ရှူ့မောဖွယ်လမ်းပိုင်းဓာတ်ပုံပါဝင်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းဆက်လမ်းအကြောင်းရေးသားထားတဲ့ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုတွေအကြားမှာ နားလည်မှုလွဲစေနိုင် တာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ တရုတ်ပြည်နယ် ဂျောင်ကျကျ(Zhangjiajie)အမျိုးသားဉယျာဉ်က ဓာတ်ပုံဖြစ်ပါတယ်။ “ရှမ်းတောင်ရှမ်းမြောက်ဆက်တဲ့လမ်း..”လို့စချီလျှက်ဒီပို့စ်မှာ ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီးကနေ မြောက်ပိုင်း နောင်ချိုကို ရပ်စောင်လမ်းကြောကနေသွားလို့ရတဲ့အကြောင်းနဲ့ ဆောင်ရန်၊ရှောင်ရန်လေးတွေကို ခရီးသွားဘူးသူတစ်ဦးက ပြန်လည်မျှဝေမှုပုံစံရေးသားထားပါတယ်။ “Nyar Kae Shin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူ မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အခြားသော တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တောင်ကြီး-ရပ်စောက်-နောင်ချိုလမ်းပိုင်းနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ အကြောင်းအရာဟာပါ အချက် အလက်တွေက မှန်ကန်မှုရှိမရှိ Fact Crescendo အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဓာတ်ပုံကလွဲပြီး ဒီလမ်းပိုင်းအကြောင်းရေးသားထားတဲ့ထပ်တူညီတဲ့ပို့စ်ကို ၂၀၁၆ […]
Continue Reading