Fact Check: သီရိလင်္ကာနိုင်ငံက ဓာတ်ပုံကိုအသုံးပြုပြီး မန္တလေးကဆီဖြည့်နေတဲ့ မြင်ကွင်းအဖြစ်မျှဝေ

မေ ၂၅ ရက်က မန္တလေးမှာ စက်သုံးဆီထည့်နေတဲ့မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့ လူတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ယနေ့ မန်း စက်သုံးဆီအခြေအနေ နိုင်ငံရေးကိုယ်နဲ့မဆိုင်သူတေကြည့်ထားကြ မေ၂၅”လို့ ရေးသားပြီး “Myo Gyi Myo Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လောင်စာဆီဈေးအဆမတန်မြင့်တက်လာတဲ့အပြင် လောင်စာဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနေရသလို အရောင်းဆိုင်အချို့ပိတ်ထားရပါတယ်။ သို့သော်လည်း ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ သီရိလင်္ကာနိုင်မှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာအပါအဝင် အခြေခံကျတဲ့ ပစ္စည်းတွေ […]

Continue Reading

Fact Check: Zamioculcas Zamiifolia က ကင်ဆာဖြစ်စေတယ်ဆိုပြီး သတင်းမှားပျံ့နှံ့

အိမ်မှာအလှစိုက်တဲ့ အပင်တစ်မျိုးဟာ ကင်ဆာဖြစ်စေနိုင်တဲ့အထောက်အထားတွေ့ရှိထားတာကြောင့် သတိထား ကြဖို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  “#ကင်ဆာဖြစ်စေသည်အထိအန္တရာယ်ကြီးတဲ့ဒီအိမ်တွင်းအလှစိုက်ပင်ကို အားလုံး သတိထားကြပါ”လို့ ရေးသားပြီး “Thukhita”အမည်နဲ့စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၃၀၀ ကျော်ရှိပါတယ်။ စာထဲမှာ ဓာတ်ပုံထဲမှာပါတဲ့ အိမ်တွေမှာအလှစိုက်တဲ့အပင်ဟာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့မလေးရှားနိုင်ငံမှဆရာဝန်တစ်ယောက်က တွေ့ရှိခဲ့တယ်လို့ရေးသားထားပြီး ကလေးတွေလက်လှမ်းမမှီတဲ့နေရာမှာ ထားကြဖို့ တရုတ်သတင်းစာကြီးတစ်စောင်မှလည်းသတိပေး ဖော်ပြခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါတဲ့ အပင်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီအပင်ဟာ သိပ္ပံအမည် zamioculcas zamiifolia လို့ခေါ်တဲ့ အပင်ဖြစ်တာတွေ့ရပါတယ်။ အတိုခေါက်အားဖြင့် ZZ plant သို့မဟုတ် Zanzibar Gem […]

Continue Reading