Fact Check: ဒီဓာတ်ပုံက ရခိုင်ပြည်နယ်မြောက်ဦးမြို့က ရှေးခေတ်အားကစားကွင်း ဓာတ်ပုံလား- မဟုတ်ပါ
မြောက်ဦး လေးခင်းပြင်မှာရှေးခေတ်က အားကစားကွင်းဓာတ်ပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဂရိနိုင်ငံကဓာတ်ပုံတစ်ပုံသာဖြစ်ပါတယ်။ “မြောက်ဦး/လေးခင်းပြင်(ရတနမာန်အောင်စေတီအရှိဖက်) ရှေ့ခေတ်က အားကစားကွင်း ပျက်စီနေပုံ ဟုတ်လား မဟုတ်လိုတော့ တူးဖော်ကြည့်မ အဖြေပေါ်ဖို့”လို့ ရေးသားထားပြီး “Ashin Sovita”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက အောက်ပါအတိုင်းရေးသားမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link ရခိုင်လို့ရေးသားထားတဲ့တူညီတဲ့မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ “အံ့သြဖွယ်ကောင်းသည့် ရှေးဂရိအားကစားကွင်း တူးဖော်မှုမပြီးမီနှင့် တူးဖော်မှုအပြီး”လို့ခေါင်းစဉ်တပ် ရေးသားထားတဲ့ Art to Fit အမည်နဲ့ ဝက်ဘ်ဆိုဒ်ကသတင်းတစ်ပုဒ်မှာ […]
Continue Reading