Fact Check: ဒီဗွီဒီယိုက၂၀၁၉ ခုနှစ်က ဒေါ်အောင်ဆန်စုကြည်မွေးနေ့ဆုတောင်း သာဖြစ်တယ်
ဇူလိုင် ၁၉ ရက်မှာကျရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာသွားရောက်တွေ့ဆုံမှုလို့ဆိုထား ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်က ဗွီဒီယိုဟောင်းတစ်ခု သာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက် ကျရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ပွဲကို ဇွန်လ ၂၀ ရက်က နေပြည်တော်အထူးတရားရုံးမှာ သူ့ရဲ့ရှေ့နေတွေနဲ့အတူ ကျင်းပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA Burmese သတင်းဌာနကဖော်ပြပါတယ်။ “ခနလေး တွေ့ ခွင့်ရတောင် သူ့ ပြည်သူတွေကို စိတ်ပူနေတာတဲ့ ချစ်လိုက်တာ အမေရယ်”ရေးသားထားပြီး “Cele Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၃၁၀၀၀ ရှိပါတယ်။ ဗွီဒီယိုထဲမှာတော့ လူတွေရဲအမြင်ကလည်းအရေးကြီးကြောင်း၊ လစ်လျူရှု့သင့်တာကို လစ်လျူရှုရမှာဖြစ်ပေမဲ့ […]
Continue Reading