Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့နေ့မြင်ကွင်းအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် သင်္ကြန်က ဓာတ်ပုံသာဖြစ်တယ်
ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်မှုဓာတ်ပုံလို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလကထားရှိတဲ့နေရာကနေ နေပြည်တော်က အချုပ်ထောင်တစ်ခုရဲ့ သီးသန့်အဆောင်တစ်ခုကို စစ်တပ်က ပြောင်းရွှေ့ခဲ့အပြီးမှာ ဒီလို လူမှုကွန်ယက်မှာပျံ့နှံ့တာဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်အတွင်း သင်္ကြန်ကာလအတွင်းက မြင်ကွင်းနဲ့တူညီတာတွေ့ရပါတယ်။ “ခုလက်ရှိ ပုံလို့သိရပါတယ်…😔😔😔 ယနေ့ နေ့လည် (၂)နာရီခန့်က နေပြည်တော် အချုပ်ထောင်ပို့ဆောင်လိုက်ပါပီ”စသည်ဖြင့် ရေးသားပြီး “Min Kaung Pyae”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာ အဓိကျတဲ့ စကားလုံးအချို့ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ် တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူအချို့ကမှတ်ချက်ပြုကြသလို […]
Continue Reading