Fact Check: YBS 42 ကားပေါ်မှာ အနုကြမ်းစီးခံရတာမရှိဘူးလို့ တာဝန်ရှိသူတွေ ငြင်းဆို

မြောက်ဉက္ကလာပ အိန္ဒြာမှတ်တိုင်အနီး YBS 42 ကားပေါ်မှာ ဓားပြတိုက်ခံရမှုဆိုတဲ့ ပို့စ်တစ်ခု ဇူလိုင် ၃၀ ရက်က ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ မဟုတ်မှန်ကြောင်း ယာဉ်လိုင်း တာဝန်ရှိသူတွေက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်စာသားတွေကတော့ “Hlaing Info” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာဖော်ပြခဲ့တဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းဖော်ပြချက်ပါ။ “ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရွှေပြည်သာမှ ဒဂုံဧရာအဝေးပြေးသို့ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်း 42( 6p / 6057 )သည် မြောက်ဥက္ကလာပ အိန္ဒြာ မှတ်တိုင်အနီးတွင် အနုကြမ်းစီးခံလိုက်ရကြောင်း သိရသည်။ ” နေ့လည် ၂နာရီလောက်က ဖြစ်တာပါဗျ ကျွန်တော်တို့ မဥက္ကလာပ ရောက်တော့ လူ၁၅ ဦးလောက် တပြိုင်နက် […]

Continue Reading

Fact Check: မထောက်ခံသူတွေအားလုံးကို သတ်ဖြတ်ဖို့ NUG ထုတ်ပြန်ဆိုတဲ့ သတင်းတုသတင်းမှား

မထောက်ခံတဲ့သူတွေအားလုံးကို ဒလံလို့စွပ်စွဲပြီး သတ်ဖြတ်ဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ ဒူဝါလရှီလက လက်မှတ်ရေးထိုးထုတ်ပြန်ချက်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက် ရှိပါတယ်။ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အချက်သုံးချက်ပါဝင်တဲ့ ဒီစာမှာ NUG ကိုမထောက်ခံတဲ့သူတွေကို ဒလံအဖြစ်သတ်မှတ်ခြေမှုန်းရန်၊ NUG ကလွဲပြီးအခြားပါတီအဖွဲ့အစည်းကိုထောက်ခံခြင်းမပြုဖို့နဲ့ ဒီလမ်းညွှန်ချက်တွေကို မလိုက်နာရင်လည်း ပြင်းပြင်းထန်ထန်အရေးယူဖို့ဆိုပြီးပါဝင်ပါတယ်။ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။  “အတုလား! အစစ်လား! မသိပါ၊  အကယ်၍သာ အစစ်ဖြစ်ခဲ့မည်ဆိုပါက ပြည်သူများအနေဖြင့် ဘယ်နေ၍ ဘယ်ထိုင် ရမယ်ဆိုသည်ကို မတွေးဝံ့တော့ပါ။ KoThetKa(30,7,2022 )” ရေးသားပြီး “Nan Thin Thin Wai” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  […]

Continue Reading