Fact Check: သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုပြီး ဒေါ်စုကို လွှတ်ပေးမယ်လို့ မင်းအောင်လှိုင်ပြောဆိုတဲ့သတင်းမှား
သူ့ကိုမဖြုတ်ချဖို့ အာဆီယံကိုတောင်းဆိုလိုက်ပြီး ဒေါ်အောင်းဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိပြုတယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ “မင်းအောင်လှိုင် အာဆီယံနဲ့ NUGကို အသနားခံစာ ပို့နေပြီ”လို့ ရေးသားပြီး “Thai News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း သိန်းဂဏန်းရှိပါတယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်သေဓာတ်ပုံထဲမှာလည်း “၁၂ ရက်နေ့ မင်းအောင်လှိုင်တောင်းပန်နေပြီ သူ့ကိုမဖြုတ်ချဖို့ အာဆီယံကို တောင်းဆို ဒေါ်စုကိုလည်း လွှတ်ပေးမယ်တဲ့”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီနေရာ၊ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ […]
Continue Reading