Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ သတင်းတုသတင်းမှား
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကာလုံအစည်းအဝေး တက်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာဟာ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုမှာ “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အရေးပေါ် ပါဝင်မည်”လို့ ရေးသားပြီး ဗွီဒီယိုမှာတော့ “ဒုသမ္မတ ဦးမြင့်ဆွေ ထွက်ပြောပြီ ၂၁ ရက်နေ့ ဘယ်သူ့ဖိအားမှ ဂရုမိုက်ပဲ ကာလုံကို လူစုံတက်စုံ ကျင်းပမည်ဟု ကြေညာ စစ်တပ်ကို ထုတ်ပယ်ဖို့ ပြောပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ “Krovan Kamsan” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၈၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အခြားသော ဗွီဒီယိုပို့စ်တစ်ခုမှာတော့ “ကာလုံအစည်းဝေးအမေစုနဲ့သမ္မတကြီးပါတက်မယ်”လို့လည်း ရေးသားထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]
Continue Reading