Fact Check: Purtier Placenta က ကင်ဆာရောဂါ ပျောက်တယ်ဆိုတဲ့ သတင်းမှား
Purtier placenta က ကင်ဆာ၊ဆီးချို၊သွေးတိုးရောဂါတွေကို အမြစ်ပြတ်ပျောက်ကင်းစေတယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ခွဲစိတ်ခြင်း၊ ကီမိုသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေဟာ ကင်ဆာထုထည်ရဲ့အတိုင်းအတာပမာဏ ကိုလျော့စေနိုင်ပေမဲ့ ကင်ဆာရောဂါကနဦးဖြစ်စေတဲ့အကြောင်းအရင်းတွေကို ကုသနိုင်ခြင်းမရှိလို့ အမြစ်ပြတ်ပျောက်ကင်းစေတဲ့ Purtier placenta ကိုသောက်ဖို့လိုတယ်လို့ရေးသားထားတာဖြစ်ပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အလားတူကြော်ငြာထားတာတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကင်ဆာနှင့် ဆီးချိုရောဂါကဲ့သို့သောရောဂါများကို ကုသနိုင်တယ်လို့ ကြော်ငြာရောင်းချခွင့် စင်ကာပူမှာ ဉပဒေအရ ပိတ်ပင်ထားတဲ့ကြားက ဒီလိုကြော်ငြာရောင်းခဲ့တဲ့အတွက် စင်ကာပူအစိုးရဌာနဖြစ်တဲ့ ကျန်းမာရေး သိပ္ပံ အာဏာပိုင်(HSA) က ၂၀၁၉ ခုနှစ်မှာ Purtier Placenta […]
Continue Reading