Fact Check: မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်ဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ICJ က သေဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “M N”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က မြန်မာနိုင်ငံကို အပြီးသတ် အမိန့်ချတဲ့အကြောင်းဟာ  မီဒီယာတွေက သတင်းကို ကူးယူပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ စာမျက်နှာတွေကအသုံးပြုလေ့ရှိတဲ့ သတင်း‌ခေါင်းစဉ်တု တစ်ခု ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း ဒီလိုသတင်းမှားဖြန့်ဝေခဲ့တာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။ ICJ တရားရုံးမှာရိုဟင်ဂျာတွေအ‌‌ပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တားဆီးရန် ပျက်ကွက်မှုအတွက် ၂၀၁၉ ခုနှစ် ထဲမှာ […]

Continue Reading

Fact Check:  တရုတ်နဲ့ စစ်ကောင်စီ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့ သဘောတူတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်‌ပေးဖို့ မြန်မာစစ်တပ်နဲ့ တရုတ်တို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့် ချိနေခြင်းဖြစ်တယ်။ အောက်ပါ screenshot ကတော့ မတ် ၁၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youbute link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ထို့အတူပဲ ဗွီဒီယိုကို ဖြန့်ဝေရာမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်သစ်နဲ့ မြန်မာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံကိုအသုံးပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သဘောတူလိုက်တယ်လို့ ရေးသားထားပေမဲ့ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး တစ်စုံတရာ […]

Continue Reading