Fact Check: လက်ရှိစစ်ခေါင်းဆောင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနားပေးတဲ့ သတင်းမှား

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက အာဏာပြန် သိမ်းပြီး အနားပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်လွဲနဲ့ သတင်းမှားဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။   “သန်းရွှေ အာဏာပြန်သိမ်းဟု နေပြည်တော်မှာသတငိးထွက်နေ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသား ထားသလို “မင်းအောင်လှိုင်အနား‌ပေးခံရ (၁၁)ရက်နေ့ ဦးသန်းရွှေ မွှေနေပြီ လုပ်ရည်ကိုင်ရည် မရှိဟုဝေဖန်” စသည်ဖြင့်လည်း ဗွီဒီယိုထဲမှာ ရေးသားမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှု သိန်းဂဏန်းရှိပါတယ်။ တူညီတဲ့ ဗွီဒီယိုကို ယူကျူ့မှာ တင်ထားရာမှာလည်း ဝင်ရောက်ကြည့်ရှု့မှုပေါင်း ၂ သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: စစ်တပ်က လူထုကို လက်နက်အပ်မယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတဲ့ သတင်းတု

စစ်တပ်အနေနဲ့ ပြည်သူလူထုကို လက်နက်အပ်မယ်လို့ စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။   “စစ်တပ်အနေနဲ့ ပြည်သူကို လက်နက်အပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော အရှုံးပေးဖို့ပြင်နေပြီ” စသည်ဖြင့် ဗွီဒီယိုအစမှာပြသတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။ အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ရေးသားထားတာနဲ့ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ဆန့်ကျင်ဘက်ဖြစ်နေတာ တွေ့ရပါတယ်။  ဗွီဒီယိုထဲမှာ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်မှုများ လျော့နည်းပ ပျောက်စေရေး၊ လက်နက်ခဲယမ်းများကို တစ်လွဲအသုံးပြုမှုများ မဖြစ်ပေါ်စေရေးဆိုပြီးတော့ ကိုင်ဆောင်ထားတဲ့ လက်နက်ခဲယမ်း တွေကို လိုင်စင်လျှောက်ထားဖို့ မေလ ၉ ရက်မှာ စစ်ကောင်စီက […]

Continue Reading