Fact Check: ဦးခင်ရီ ပစ်သတ်ခံရပြီး သေဆုံးတဲ့ သတင်းတု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ပစ်သတ်ခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေ ထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ အလား တူရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းမီဒီယာအချို့မှာဖော်ပြခဲ့ပြီး ရေပန်းစားခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ ခေါင်းစဉ်မှားတွေတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိတဲ့ ယူကျူ့ချန်နယ်တစ်ခုက ဖြန့်ဝေထားခြင်းဖြစ်ပါတယ်။ အခုလည်း ဦးခင်ရီ ပစ်သတ်ခံရလို့ ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဒီလို ဦးခင်ရီ အသတ်ခံရတဲ့ အကြောင်းမပါဝင်ပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ပြတ်ပြတ် သားသား အနိုင်ရအောင်လုပ်မယ်လို့ ပါတီဥက္ကဋ္ဌဦးခင်ရီကပြောကြောင်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ […]
Continue Reading