Fact Check: NUG ကို အမေရိကန် လက်နက်ထောက်ပံ့မှု သတင်းတု

ထိုင်းနယ်စပ်က တဆင့် NUG ကို အမေရိကန်က လက်နက်ထောက်ပံ့ချိန်မှာပဲ ထိုင်းနိုင်ငံမှာ အာဏာသိမ်း မှုဖြစ်ခဲ့ပေမဲ့ NUG ကို အဆုံးထိ ကူညီမယ်လို့ အမေရိကန်ပြောတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခုကို ယူကျူ့ အသုံးပြုသူ ထောင်ဂဏန်းက ကြည့်ရှု့ထားတယ်။ သတင်းခေါင်းစဉ်တုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “Usမှ လက်နက်တွေရောက်ရှိကြောင်း ကြေညာ”လို့ရေးသားထားပြီး ဗွီဒီယိုအစမှာပြတဲ့ ရုပ်သေဓာတ်ပုံစာသားထဲမှာ လည်း “ထိုင်းနယ်စပ်လက်နက်ရောက်ချိန် ထိုင်းအာဏာသိမ်းမှုဖြစ်ပွားနေ Usမှပို့တဲ့စစ်လက်နက်တွေရောက်ရှိ NUG ကိုအဆုံးထိကူညီမည်ဖြစ်ကြောင်း”စသည်ဖြင့်ရေးသားထားပါတယ်။ ထို့အပြင် အမေရိကန်သမ္မတ သမ္မတဂျိုးဘိုင်ဒန်ဓာတ်ပုံ၊ သတင်းတင်ဆက်သူ တစ်ဦးဓာတ်ပုံတို့နဲ့အတူ ဒီစာသားတွေ ဖြန့်‌‌ဝေနေ တာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို အမေရိကန်က လက်နက်ထောက်ပံ့တယ်ဆိုတဲ့ သတင်းမှားကို မကြာခဏဖြန့်ဝေနေတယ်။ […]

Continue Reading

Fact Check: ‌ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ဆိုပြီး သတင်းတုဖြန့်

‌ ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတု ပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့ အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့တော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နေပြည်တော် အချုပ်ထောင်ထဲမှာကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့်မွေးနေ့ပွဲ မြင်ကွင်းများ” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်း စုကြည်ရဲ့ မွေးနေ့လှုပ်ရှားမှု အဖြစ် သပိတ်အင်အားစုတွေက ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပုံရိပ်တစ်ခုကို ထုတ်နှုတ်ပြီး တစ်နိုင်လုံးအတိုင်းအတာနဲ့ ပန်းသပိတ်ဆင်နွှဲကျဖို့ လှုံဆော်ခဲ့ရာမှာ ဇူလိုင် ၁၉ ရက်က ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသည်တွေကို အတင်းအကျပ် အရောင်း ပိတ်ခိုင်းတာ၊ ပန်းပန်တဲ့သူတွေကို […]

Continue Reading