Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးသွားတယ်လို့ဆိုတဲ့ သတင်းတုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ကျောက်မဲဆရာတော်‌ မအလ ဖမ်းဆီးလိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က  အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်ကတော့ ကျောက်မဲဆရာတော် ရုတ်တရက်သေဆုံးမှုဆိုပြီးတော့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီကနေ့ ထပ်မံ ဖြန့်ဝေလာတာဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာသတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Shared Local Media”နဲ့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ  သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ […]

Continue Reading