Fact Check:  နာရီအရောင်းပြတ်လပ်လို့ တောင်းပန်နေတဲ့ပုံလား-မဟုတ်ပါ

ဂျပန်ထုတ်လုပ်သူတွေဘက်က မထုတ်နိုင်သေးတာကြောင့် ပစ္စည်းပြတ်လပ်ပြီး မြန်မာနိုင်ငံမှာ ဂျပန်စမတ်နာရီ ရောင်းချမှုရပ်ဆိုင်း ရတော့မှာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေက တောင်းပန်လိုက်ကြောင်းဆိုပြီး ကြော်ငြာရောင်း ချနေတဲ့ ဖေ့စ်ဘွတ်ပို့စ် တခုကို Fact Crescendo Myanmar ကသတိပြုမိပါတယ်။ သတင်းမှားတခုဖြစ်တယ်။ မသက်ဆိုင်တဲ့ ဓာတ်ပုံတွေကို အသုံးပြုကြော်ငြာနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “⛔️ တရားဝင် တောင်းပန်မှု- ဂျပန်စမတ်နာရီများကို မြန်မာနိုင်ငံတွင် ရောင်းချခြင်းမှ ရပ်စဲပါ။ ကျွန်ုပ် – Remax Myanmar ဘဏ်ခွဲမန်နေဂျာအဖြစ် Kabuto Hiroihisa ာ- လောလောဆယ် ဂျပန်ထုတ်လုပ်သူများ မထုတ်လုပ်နိုင်သေးသောကြောင့် လက်ကျန်နာရီများ ပြတ်တောက်သွားပါသည်။ လက်ရှိတွင် ကုန်ပစ္စည်းများ အလွန်ရှားပါးနေပါသည်။ ဤပစ္စည်းများကို တင်သွင်းလို့မရတော့ပါ။ !! 🙏တောင်းပန်ပါတယ်။ ဒါကြောင့် နောက်ဆုံး အလုံးရေ 1000 […]

Continue Reading

Fact Check: ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခဲ့ကြောင့် KIA အတည်ပြုတဲ့ သတင်းတု

KIA ဌာနချုပ်ကို ဗုံးလာကြဲတဲ့ Mi 35 ရဟတ်ယာဉ်ပစ်ချခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတွေကို ဖြန့်ဝေနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “ KIA ဌာနချုပ်လိုင်ဇာကို ဗုံးလာကျတဲ့ MI-35 ရဟတ်ယာဉ်(၁)စင်း KIA ပစ်ချလိုက်ပြီဟေ့/အတည်ပြုပြီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတွေတပ်ပြီး သတင်းမီဒီယာ အချို့မှာ ဖော်ပြထားတဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တယ်။  အခုလည်း ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA) ဗဟိုဌာနချုပ်အဖြစ် လူသိများတဲ့ လိုင်ဇာအနီးမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုဖော်ပြရာမှာ အခုလိုခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ လိုင်ဇာအနီး မဒီးယန်နဲ့ အောင်ဂျာရွာဘက်မှာ […]

Continue Reading