Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးသွားတယ်လို့ဆိုတဲ့ သတင်းတုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ကျောက်မဲဆရာတော်‌ မအလ ဖမ်းဆီးလိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က  အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်ကတော့ ကျောက်မဲဆရာတော် ရုတ်တရက်သေဆုံးမှုဆိုပြီးတော့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီကနေ့ ထပ်မံ ဖြန့်ဝေလာတာဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာသတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Shared Local Media”နဲ့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ  သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှားပို့စ်တွေ အခုရက်ပိုင်း ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ‌ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “August 1, 2023 ဒေါ်စုနဲ့သမ္မတလွတ်ပြီးငြိမ်းချမ်းရေးယူပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုတဲ့အကြောင်းအရာအဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားအကြောင်းအရာ သာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အခုတကြိမ်မှာတော့ အာဏာသိမ်းအပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  စွပ်စွဲ ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို လျော့ပေးခဲ့တဲ့ သတင်းနဲ့အတူအခုလို သမ္မတဦးဝင်းမြင့်နဲ့ […]

Continue Reading

Fact Check: ရခိုင်ငွေ ၂၀ တန်က မြန်မာကျပ် ၂၀၀၀၀ နဲ့ ညီမျှသလား – မဟုတ်ပါ

စစ်ကောင်စီထုတ် မြန်မာကျပ်ငွေ ၂၀၀၀၀ နဲ့ ညီမျှတဲ့ ရခိုင်ငွေ ၂၀ တန်လို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ တရုတ်ပိုက်ဆံ ၂၀ တန်ကို ပြုပြင်ပြောင်းလဲထားခြင်း ဖြစ်တယ်။ ရက္ခိုင့်တပ်တော်(Arakan Army)က ကိုယ်ပိုင်ငွေကြေးထုတ်တယ်ဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ရခိုင်ငွေ 20 နှင့် ဗမာငွေ 20000 တန် ငွေဈေး” မူရင်းလင်ခ့် – Fb link | Archive link ဒီစာမျက်နှာကပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဓာတ်ပုံနဲ့ ရခိုင်ငွေ အကြွေ ၅၀၀ တန်နဲ့ ၃၀၀ တန်လို့ဆိုထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ဒီလင့်ခ်မှာကြည့်ပါ။  အချက်အလက်စိစစ်ချက် […]

Continue Reading