Fact Check: R2P အရ မြန်မာနိုင်ငံကို UN တပ်တွေစေလွှတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံကို အကာအကွယ်ပေးရေးအစီအစဉ်(R2P)အရ ကုလသမဂ္ဂ(UN)က တပ်တွေစေလွှတ်လိုက်ပြီး သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့နဲ့ စစ်ကောင်စီတပ်တွေ ရှေ့တန်းကနေ ပြန်ဆုတ်ဖို့ အမိန့်ထုတ်လိုက်ပြီ ဆိုတဲ့ ပို့စ်တစ်ခု ယူကျူ့ မှာဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ D-Day Media အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုက ရယူ ထားခြင်းဖြစ်တယ်။  “၂၂ ရက် R2P စေလွှတ်ပြီ အမေစုနဲ့ သမ္မတကြီးကိုချက်ချင်းလွှတ်ပေးပြီး ရှေ့တန်းတပ်တွေ တပ်ပြန်ဆုတ်ဖို့ကုလအမိန့်ထုတ်ပြီ” စသည့်ဖြင့် ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ သတင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သတင်းဌာနတစ်ခုဖြစ်တဲ့ “People’s Spring” […]

Continue Reading