
မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ လုပ်ကြံရေးသားပြောဆိုချက်သာ ဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။
“ICC နဲ့ ထရမ့် မြန်မာအရေး ပြသာနာတက်
အကြမ်းဖက်မှု သက်သေ ပြည့်စုံနေပြီး စစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့
ICC နဲ့ ICJ ကို သုံးစားမရဟုဆိုကာ အကုန်ဖျက်သိမ်းပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို လိုအပ်သလို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ တကယ်တော့ အမေရိကန်သမ္မတ ထရမ့်ဟာ သူ့ရဲ့ မဟာမိတ် အစ္စရေး ဝန်ကြီးချုပ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်တာဟာ မျှတမှုမရှိတဲ့ လုပ်ရပ်အဖြစ်ဝေဖန်ခဲ့ပြီး ICC ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။
ဒါပေမဲ့ နောက်ထပ် အဖွဲ့အစည်းတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice) ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ အထောက်အထားမရှိပါဘူး။
ဒီအပြင် ဖြန့်ဝေထားတဲ့ သတင်းမှား ဗွီဒီယိုကိုကို ပြန်ကြည့်မယ်ဆိုရင် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ Western News ကဖော်ပြခဲ့တဲ့ “နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပိတ်ဆို့အရေးယူ”၊ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာ့စစ်အာဏာသိမ်းမှုက အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့်နိုင်ငံခြား ရေး မူဝါဒအပေါ် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်သော အမိန့်ကို သမ္မတထရမ့်က ၁ နှစ် ထပ်မံ သက်တမ်းတိုး”နဲ့ “နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လူငယ်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ဖြောင့်မတ် မှန်ကန်စွာ တွေးခေါ် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းမြင့်မားရန် လိုအပ်နေဟု အကြမ်းဖက် မင်းအောင်လှိုင် ပြောပြန်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို ထရမ့် ဖျက်သိမ်းလိုက်တယ်ဆိုတာ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ အမေရိကန်သမ္မတ ထရမ့်ဟာ သူ့ရဲ့ မဟာမိတ် အစ္စရေး ဝန်ကြီးချုပ်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်လို့ ICC ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တာဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်အပေါ် အရေးမယူလို့ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒီလိုပဲ နောက်ထပ် နိုင်ငံတကာ တရားရုံးတခုဖြစ်တဲ့ ICJ ကို ဖျက်သိမ်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။
ပြောဆိုချက်- မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို အမေရိကန်သမ္မတ ထရမ့်က ဖျက်သိမ်းလိုက်တယ်

Title:Fact Check: မြန်မာစစ်ကောင်စီကို ဖမ်းဝရမ်းမထုတ်လို့ ICC နဲ့ ICJ ကို ထရမ့် ဖျက်သိမ်းတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False