Fact Check: ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုများပြားဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က အများအပြားထိခိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့တယ် ဆိုပြီး ဗွီဒီယိုတွေ အခုရက်ပိုင်းမှာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်း သာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

“၇.၉ ဖျက်အားပြင်း ငလျင် လှုပ်ခတ်

မင်းအောင်လှိုင်တည်တဲ့ ဘုရားပြိုကျ

စစ်အုပ်စု နဲ့ ဘုရားဖူးများ သေဆုံးမှု များပြား 

နေပြည်တော်ကို အမှောင်ချ နေပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းမီဒီယာတချို့မှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး “Fact Crescendo Myanmar”ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇွန် ၅ ရက်မှာဖော်ပြခဲ့တဲ့ “နေပြည်တော်အနီးတွင် ယနေ့ နံနက်ပိုင်း ငလျင်လှုပ်ခတ်မှု ပြည်သူများ သိသာစွာခံစားရပြီး နေအိမ်ပေါ်မှ ပြေးဆင်းရ”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိထားတယ်။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “မင်းအောင်လှိုင်နှင့်မိသားစုအသုံးပြုရန် ငှားရမ်းထားသော Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ် XY-ALK ကို ဝယ်ယူရာတွင် နိုင်ငံတော်ဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ နီးပါးအသုံးပြုခဲ့ပြီး မင်းအောင်လှိုင် စိတ်တိုင်းကျ လေယာဉ်အတွင်းပိုင်းကို ပြင်ဆင်ခဲ့”ဆိုတဲ့ သတင်းနဲ့ တခြား‌သော သတင်းအကြောင်းအရာတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

“Mandalay khitThit”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဇွန် ၅ ရက်က နေပြည်တော် အနီးတဝိုက်မှာ အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပေမဲ့ နေပြည်တော်မှာ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: ဖျက်အားပြင်း ငလျင် နေပြည်တော်မှာ ထပ်လှုပ်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုများပြားဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False