ဓာတ်ခွဲစမ်းသပ်ချက်အရ ရန်ကုန်လေထုထဲမှာ COVID-19 ရောဂါပိုးတွေ ပျံ့နှံ့နေတယ် ဆိုတဲ့ သတင်းမှား

False ဆေးဘက်ဆိုင်ရာ၊ | Medical

COVID-19 ကူးစက်မြန်ကပ်ရောဂါပိုးဟာ မေ ၇ ရက်အထိ ကမ္ဘာတစ်လွှာမှာ လူပေါင်း လေးသန်းနီးပါးကို ကူးစက်ပျံ့နှံ့ခဲ့ပြီး ကူးစက်ခံရသူပေါင်း ၂ သိန်း ၆ သောင်းကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း မတ် ၇ ရက်အထိ ကူးစက်ခံရမှုအတည်ပြုလူနာပေါင်း ၁၆၂ ဉီးအထိရှိပြီး ၆ ဉီးသေဆုံးခဲ့ရပါတယ်။

ဒီလိုအခြေအနေအမျိုးမှာ “အထူးသတိပြုပါ ရန်ကုန်လေထုဓါတ်ခွဲစမ်းသပ်ချက်အရ လေထုထဲတွင် COVID-(19) ပိုးရှိကြောင်း သိရပါသည်။ ကိုယ်ခံအားနည်းသူကို အလွယ်တကူကူးဆက်နိုင်သည် အပြင်ထွက်ရင် (MASK) တပ်ပါ”ဆိုပြီး “U Tint Lwin” အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခုမျှဝေထားရာမှာ လူမှုကွန်ယက်သုံးစွဲသူ ၇ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး ဒီပို့စ်ကို ၂၄ နာရီအတွင်းမှာလူပေါင်း  ၃သိန်းနီးပါးဆီကို ပျံ့နှံ့ခဲ့ပါတယ်။ 

Fb linkArchive link

အလားတူပဲ “Khine Thazin”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဧပြီ ၂၅ ရက်က မျှဝေထားရာမှာ လူမှုကွန်ယက်သုံး စွဲသူ တစ်သောင်းကျော်က ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 နဲ့ပတ်သက်တဲ့ သိရှိလိုတဲ့အချက်များကို မေးမြန်းနိုင်တဲ့ Hotline ဖုန်းနံပါတ်ဖြစ်တဲ့ 2019 ကိုဆက်သွယ်ပြီး အတည်ပြုခဲ့ရာမှာတာဝန်ရှိသူတစ်ဦးက အောက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်မတို့ ဒီဘက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကတော့ အဲဒီသတင်းတော့ ထုတ်ပြန် ထား တာမရှိ ပါဘူး” လို့ တာဝန်ကျ ဆရာဝန်တစ်ဉီးက မှတ်ချက်ပေးပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ဒီလိုရန်ကုန်လေထုကို ဓာတ်ခွဲစမ်းသပ်မှုလုပ်ခဲ့တာမျိုးမရှိဘူး လို့လည်း အတည်ပြုပါတယ်။

ကမ္ဘာ့ကျန်မားရေးအဖွဲ့ကလည်း COVID-19 ဟာ လေထဲကနေ ပျံ့နှံ့ကူးစက်တာမျိုးမရှိဘူးလို့လည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Link

ကမ္ဘာ့ကျန်မားရေးအဖွဲ့က COVID-19 ကူးစပ်ခံရမှု နည်းလမ်းကို ဖော်ပြရာမှာ အောက်ပါအတိုင်းပြောကြား ထားပါတယ်။

“ချောင်းဆိုး၊နှာချေ၊ စကားပြောစဉ်မှာ နားခေါင်းနဲ့ပါးစပ်က ထွက်တဲ့ အရည်စက်လေးတွေက တစ်ဆင့် လူ တစ်ဉီးနဲ့ တစ်ဉီးကူးစက်တယ်လို့ ပြောကြားထားပါတယ်။ ဒီအရည်စက်ကလေးတွေက အတော်လေးလံတဲ့ အတွက် အဝေးကြီးကို ပျံ့နှံ့တာမျိုးမရှိဘဲ သိပ်မကြာခင်ပဲ မြေပေါ်ကို ပြုတ်ကျတယ်လို့ ပြောကြားထားပါတယ်။ လူတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူဆီကထွက်တဲ့ ဒီလိုအရည်စက်ကလေးတွေကို အသက်ရှုသွင်းမိတာကနေ ကူးစက်ခံရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူတစ်ဉီးနဲ့ တစ်ဉီး တစ်မီတာ( ၃ ပေ) အကွာလောက်နေဖို့ အရေး ကြီးတာဖြစ်ပါတယ်။ ဒီရောဂါပိုးရှိနေတဲ့ အရည်စက်တွေဟာ အရာဝတ္ထုတွေ၊ လူ့ပတ်ဝန်းကျင်မှာရှိတဲ့မျက်နှာ ပြင်တွေဖြစ်တဲ့ စားပွဲ၊ တခါးလက်ကိုင်နဲ့ လက်ရမ်းလိုနေရာတွေမှာ တင်ကျန်နေနိုင်ပါတယ်။ ဒီအရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ထိတွေ့ကိုင်တွယ်မိပြီး မျက်စေ့၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ထိမိတာကနေ ကူးစက်မှုဖြစ်ပွား ပါတယ်။ ဒါကြောင့် လက်ကို ဆပ်ပြာနဲ့ရေကို အသုံးပြုပြီး မကြာခဏဆေးကြောတာ၊ အရက်အခြေခံ လက်ဆေးရည်နဲ့ ဆေးကြောတာတွေ လုပ်ဖို့ အရေးကြီး တာဖြစ်ပါတယ်”

WHO

တရုတ်နိုင်ငံက ဗိုင်းရပ်စ်ကူးစပ်ခံရသူ ၇၅၀၀၀ ကျော်ကို လေ့လာရမှာ လေကတစ်ဆင့်ကူးစက်မှုရှိတယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘူးလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

လေထဲကမှာ COVID-19 ပိုးမွှာတွေ ပျံ့နှံ့နေတယ်ဆိုတဲ့ အထောက်အထားကို ကူးစက်ခံရသူ အများ အပြားနဲ့ သေဆုံးမှုအများဆုံးဖြစ်တဲ့ အမေရိကန်မှာလည်း ဒီလိုတွေ့ရှိချက် မျိုးမတွေ့ရှိရ သေးတာတွေ့ရပါတယ်။ သို့သော် လည်း တရုတ်နိုင်ငံမှာ စားသောက်ဆိုင် အဲယားကွန်းခန်းထဲမှာ ထိုင်စားသောက်ရင်း မိသားစု ၃ စု ကူးစက်ခံရတဲ့ သာဓကရှိပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

CDC

သို့သော် Queensland နည်းပညာတက္ကသိုလ်ကပါမောက္ခ Lidia Morawska က ကျန်းမာရေး အဖွဲ့အစည်း တွေ ဟာ လေထဲကနေ ရောဂါပိုးပျံ့နှံ့မှုကို လျှော့တွက်နေတယ်လို့ ပြောကြားခဲ့သည်။ တရုတ်သိပ္ပံအကယ်ဒမီမှ Prof Junji Cao နဲ့ ပါမောက္ခ Lidia Morawska တို့ ပူးတွဲရေးသားတဲ့ Environment International က ဆောင်းပါး တစ်ပုဒ်မှာ တစ်ချို့ ကူးစက်ခံရမှု ကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမရှိတဲ့ ကိစ္စများစွာရှိသည်ဟုရေးသားခဲ့ တယ်လို့ The Guardian သတင်းဌာနက ရေးသားပါတယ်။ အောက်ပါလင့်ခ်မှာလေ့လာနိုင်ပါတယ်။

Guardian

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “ရန်ကုန်လေထုဓါတ်ခွဲစမ်းသပ်ချက်အရ လေထုထဲတွင် COVID-(19) ပိုးရှိကြောင်း သိရသည်”ဆိုတဲ့ အချက်ဟာ အထောက်အထားတစ်စုံတစ်ရာမရှိတဲ့အတွက် အချက်အလက်မှား အဖြစ်သတ်မှတ်ပါတယ်။ ဒီလိုပဲ COVID-19 လေထုထဲကနေ ပျံ့နှံ့ကူးစက်မှုရှိခဲ့တယ်ဆိုတဲ့ အထောက်အထား လည်းမတွေ့ရှိရပါဘူး။

Avatar

Title:ဓာတ်ခွဲစမ်းသပ်ချက်အရ ရန်ကုန်လေထုထဲမှာ COVID-19 ရောဂါပိုးတွေ ပျံ့နှံ့နေတယ် ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *