Fact Check: အစိုးရ ဒီထက်လိုလာရင် တပ်ကို ထုတ်သုံးရမယ်လို့ ဦးခင်ရီပြောခဲ့သလား

အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေးဆို့တဲ့ ပို့စ်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာပြန့်နှံ့နေတာတွေ့ရပါတယ်။ ဦးခင်ရီပုံမှာ “အစိုးရအနေနဲ့ ဆေးရုံနဲ့မဲရုံ ဘယ်ဟာပိုအရေးကြီးနေလည်း ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်လို့ ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌဦးခင်ရီသတိပေး”ဆိုတဲ့ စာသားကိုထည့်သွင်းထားတဲ့ ဓာတ်ပုံနဲ့အတူ ဦးခင်ရီကို ပုတ်ခတ်တဲ့ စာတွေရေးသားပြီးပို့စ်တင်နေတာကိုတွေ့ရပါတယ်။ ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်ဟာ သတင်းမှားဖြစ်တာ တွေ့ရှိရပါတယ်။ မူရင်းလင်ခ့် – FB Link | Archive Link အချက်အလက်စိစစ်ချက် Google မှာ “အစိုးရအနေနဲ့ မဲရုံနဲ့ဆေးရုံ ဘယ်ဟာကပိုအရေးကြီးနေလဲ”၊ “ဒီထက်လွန်လာရင် တပ်ကိုသုံးရလိမ့်မယ်”စတဲ့အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး သတင်းဌာနတစ်ချို့မှာဖော်ပြချက်ရှိ မရှိရှာဖွေရာမှာ တစ်စုံတစ်ရာဖော်ပြချက် မတွေ့ရှိရပါဘူး။  ရွေးကောက်ပွဲရွှေ့ဆိုင်းဖို့တိုက်တွန်းထားတဲ့ ဉီးခင်ရီရဲ့ ပြောကြားချက်ဗွီဒီယိုဖိုင်ကို အကုန်သိသတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။ သို့သော်လည်း ၁၁ မိနစ်ကျော်ကြာတဲ့ ဒီဗွီဒီယိုဖိုင်မှာလည်း ဦးခင်ရီက အထက်ပါပို့စ်တွေမှာပြောကြားခဲ့သလို […]

Continue Reading

Fact Check: နှင်းဆီပါတီ UDP ဥက္ကဌပြန်လွတ်လာတယ်ဆိုတဲ့ သတင်းအမှား

ညီညွတ်သောဒီမိုကရတ်တစ်ပါတီ(နှင်းဆီပါတီ)UDP ဥက္ကဌဦးကျော်မြင့်(ခ) ဇခုန်ဇုန်းဆောင်ကို စက်တင်ဘာ ၂၉ရက်နေ့က ထောင်ပြေးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၂၄ နဲ့ ဖမ်းဆီးခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်စာမျက်နှားတွေမှာ ဦးကျော်မြင့်ပြန်လည်လွတ်မြောက်လာကာ နေအိမ်မှာ အေးချမ်းစွားပြန်လည်နေထိုင်နေတယ်ဆိုတဲ့ ပို့စ်တွေဟာ အောက်တိုဘာလ ၁ရက်နေ့က စတင်ပျံ့နှံ့နေတာတွေ့ရပါတယ်။  ဦးကျော်မြင့်ပြန်လွတ်လာပြီဆိုတဲ့ အဓိပ္ပာယ်ရတဲ့ “ဥက္ကဋ္ဌ ကြီးကျန်းမာစွာဖြင့်ပြန်လည်​ ရောက်ရှိလာပါပြီ။ နှင်းဆီအပေါင်း သူတော်ကောင်းတို့”နဲ့“UDP ဥက္ကဌကြီး ဦးကျော်မြင့် ပြန်ရောက်ပါပြီ အပြုံး အမုန်းသမားများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်”စသဖြင့်ရေးသားနေတာတွေ့ရပါတယ်။ ဒါ့အပြင် UDPပါတီရဲ့ မြိုနယ်ပါတီခွဲလို့ ယူဆရတဲ့ RaKhine StateTaunggoke United Democratic Party UDPဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောက်ကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေမှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေ့မှာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါရေးသားချက်တွေဖြစ်တဲ့ […]

Continue Reading

Fact Check: ရန်ကုန်တိုင်းအတွင်းသွားလာဖို့ QR Passမလိုတဲ့ လုပ်ငန်းစာရင်း အမှားထွက်ပေါ်

ရန်ကုန်တိုင်းရဲ့ Stay Homeသတ်မှတ်ကာလအတွင်း မြိုနယ်ကျော်သွားလာဖို့ QR Passလိုအပ်ပြီး QR Passမလိုအပ်ပဲ မြို့နယ်ကျော်သွားလာလုပ်ကိုင်ခွင့်ရှိတဲ့ လုပ်ငန်းတွေကိုလည်း သတ်မှတ်ပေးထားပါတယ်။ ဒီလိုသတ်မှတ်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေနဲ့ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာတချိုမှာ အမျိုးမျိုးဖြန့်ဝေနေကြတာတွေ့ရပါတယ်။ ဒိလိုဖြန့်ဝေနေတဲ့ ပို့စ်တွေမှာ “QR Pass မလိုပဲ လွတ်လပ်စွာသွားလာနိုင်သူများ ထုတ်ပြန်”လို့ အညွှန်းတပ်ထားပြီး QR Passမလိုတဲ့လုပ်ငန်းတွေအဖြစ် (၁)ဘဏ်လုပ်ငန်း၊ (၂)စက်သုံးဆီအရောင်ဆိုင်များ၊ (၃)Shopping Mall၊ (၄)Covid အထူးတာဝန်ဖြင့် တာဝန်ချခံရသည့် ဝန်ထမ်းများ၊ (၅)ပုဂ္ဂလိကဆေးရုံများနှင့် ကျန်းမာရေးတာဝန် ထမ်းဆောင်နေသူများ၊ (၆)သတင်းတိုက်များ၊ (၇)နိုင်ငံခြးသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ပေးအပ်ထားသူများ၊ (၈) သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုဗဟိုဌာနမှတာဝန်ရှိသူများလို့ ဖော်ပြထားကာ ဒီလုပ်ငန်းက ဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းကဒ်နဲ့သွားလာနိုင်ကြောင်း ရေးသားထားတာတွေ့ရပါတယ်။  FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်မှာဖော်ပြထားတဲ့ […]

Continue Reading

Fact Check: ကိုဗစ်ပြန်ဖြစ်တာ အနောက်တံခါးမလုံလို့ဖြစ်တာလို့ ဒေါက်တာဇော်ဝေစိုးပြောခဲ့သလား

ကိုဗစ်နိုင်တင်းပြန်ဖြစ်တာဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနောက်တံခါးမလုံလို့ဖြစ်တဲ့ အကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ပါမောက္ခ၊ ရန်ကုန်တိုင်းကိုဗစ်နိုင်တင်းထိန်းသိမ်းရေးကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်ဝေစိုးကပြောကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “ခုလိုဖြစ်ကုန်တာ အနောက်တံခါး မလုံလို့  ဖြစ်ကုန်တာ ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်၊ ရခိုင်ကနေ ရန်ကုန် အကုန်ကူးစက်ကုန်ကုန်တာပါဟု ဒေါက်တာဇော်ဝေစိုးကရှင်းလင်းပြောကြားခဲ့။ ခုလိုမဖြစ်ခင်ထဲက တနိုင်ငံလုံးက အနောက်တံခါးကို LOCK DOWNချဖို့ ဝိုင်းအော်နေတာ  ပိတ်မှမပိတ်တာဗျာ၊ ခုလိုဖြစ်တော့ကျွန်တော့်မှာ တာဝန်ရှိပါတယ်လို့  ဘယ်သူကမှ ဝန်မခံတော့ဘူး”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ‌ဒေါက်တာဇော်ဝေစိုးက ဒီလိုပြောတယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာမှာ ဖော်ပြချက်တစ်စုံတရာ မတွေ့ရပါ ဘူး။ ဒေါက်တာဇော်ဝေစိုးရဲ့ အင်တာဗျူးဖြေဆိုထားတာတွေမှာလည်း မတွေံရပါဘူး။ ဒါ့ကြောင့် ဒေါက်တာဇော်ဝေစိုးကို […]

Continue Reading

Fact Check: ရခိုင်ပြည်နယ်မှာ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်ဂုဏ်ပြုတဲ့ စာအတု

ရခိုင်ပြည်နယ်အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆောင်ရွက်နေသော မြန်မာတပ်မတော်အားချီးကျူးဂုဏ်ပြုခြင်း နှင့် ထပ်ဆင့်တာဝန်ပေးအပ်ခြင်းဆိုတဲ့ သမ္မတရုံးတံဆိပ်နဲ့ ရုံးစာတစ်စောင်ဟာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ “ရခိုင်ပြည်နယ်က NLDပါတီက ကိုယ်စားလှယ်တွေ၊ NLDပါတီဝင်တွေ၊ NLDထောက်ခံသူတွေကို ဘယ်လိုခေါ်ရမလဲ။ နောက်ဆုံးမင်းတို့လည်း ရခိုင်လူမျိုးကို သတ်တဲ့ပူးပေါင်းတရားခံဖြစ်လိမ့်မယ်”လို့ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့စာအညွှန်းနဲ့အတူ ဒီစာကိုတင်ထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်သုံးသပ်ချက် ပထမဦးဆုံးအနေနဲ့ဒီစာကို နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ့ရုံးတို့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ့ ဝဘက်ဆိုဒ်တို့မှာ ဒီစာကိုတင်ထားတာမတွေ့ရပါဘူး။စာရဲ့ အပေါ်မှာ နိုင်ငံတော်သမ္မတရုံးအမှတ်တံဆိပ်ပါဝင်ပြီ အောက်က လက်မှတ်ထိုးသူနေရာမှာတော့ သမ္မတဦးဝင်းမြင့်လက်မှတ်နဲ့ အမည်မဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံ့ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဖြစ်နေတာကို တွေ့ရပါတယ်။တကယ်ဒီရုံနှစ်ခုက မတူပါဘူး။ပြီးခဲ့တဲ့ ဧပြီလကတော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တွေကို ချီူကျူးဂုဏ်ပြုကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ဒီစာနှစ်ခု မတူညီကြောင်း အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် ဒီစာက အတုဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ […]

Continue Reading

မြန်မာနိုင်ငံကခိုးဝင်လာသူတွေကို ထိုင်းစစ်တပ်ပစ်မိန့်ပေးထားတယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံသည် Covid-19ရောဂါကူးစက်မှုမထိန်းချုပ်နိုင်တာကြောင့် မြန်မာဘက်မှထိုင်းနိုင်ငံအတွင်း ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း ပို့စ်တစ်ခုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်ကို “မြန်မာနိုင်ငံသည် ရောဂါ ကူးစက်မှု မထိန်းချုပ်နိုင်ကြောင်း ဒါကြောင့် ခိုးဝင်လာသူ မှန်သမျှ ပစ်မိန့်ပေးလိုက်ပြီ”လို့ခေါင်းစဉ်တပ်ထားပြီး မြန်မာနိုင်ငံတွင် ကိုးဗစ်ရောဂါပိုးတွေ့လူဦးရေ စံချိန်တင်မြင့်တတ် လာပြီးနောက် မြန်မာနိုင်ငံနှင့် အနီးဆုံးနယ်စပ်အိမ်နီးချင်းထိုင်းနိင်ငံသည် အထူးကြောက်ရွံ့ပြီးထိုင်း မြန်မာ နယ်စပ်ဂိတ်ပေါက်အားလုံးမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်လာသူမှန်သမျှ ပစ်ခွင့်ရှိသည်ဟု ထိုင်းအစိုးရက စစ်တပ်အား အာဏာပေးလိုက်သည် …”လို့ Shwe Thadinဆိုတဲ့ ဝဘ်ဆိုက်မှာ ရေးသားထားတွေ့ရကာ ဖေ့စ်ဘွတ်ခ်အကောက်တွေကနေ ဖေ့စ်ဘွတ်ခ်ဂရုတွေထဲ မျှဝေကြတာတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ပထမဦးဆုံး ဒီပို့စ်မှာပါဝင်နေတဲ့ ဓာတ်ပုံတွေကို […]

Continue Reading

Fact Check: တပ်မတော်ရဲ့မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ကော်မတီဖွဲ့ဖို့ ထိတ်တန်းလျှို့ဝှက်ဆိုတဲ့ စာအတု

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး သက်ဆိုင်ရာကော်မတီတွေကို သေချာကြပ်မတ်ဆောင်ရွက်နိုင်ရန်ဆိုတဲ့ တပ်မတော်ရဲ့ ထိတ်တန်း လျှိုဝှက်စာဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “စစ်တပ်ဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပါတယ်။ ဒါပေမဲ့တပ်ချုပ်ကိုယ်တိုင် ကြံ့ခိုင်ရေးအတွက် မဲဆွယ်ပါတယ်။”စသဖြင့်အညွှန်းတပ်ထားပြီး ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်းဆိုတဲ့ တပ်မတော်ရဲ့ထိတ်တန်းလျှို့ဝှက်စာဆိုတာကို ဓာတ်ပုံရိုက်တင်ထားတာတွေ့ရပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းအမှားဖြစ်ကြောင်းကို BBC Burmesနဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။ “ဒါက စာအတုဖြစ်တယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုစာထွက်လာတာက တပ်မတော်နဲ့ အစိုးကြား၊ တပ်မတော်နဲ့ နိုင်ငံရေးအဖွဲ့စည်းတွေကြားမှာ […]

Continue Reading

အမေရိကန်FDAက ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDAက Covid-19ရောဂါနဲ့ပက်သက်တဲ့ ကာကွယ်ဆေးကို စက်တင်ဘာလ ၂၁ရက်နေ့က ခွင့်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ့မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “အမေရိကန် FDAကတော့ Cpvid-19ကာကွယ်ဆေးကို ဒီနေ့ခွင့်ပြုလိုက်ပါပြီ။ ဝမ်းသာစရာပါ။”လို့ ရေးသားထားတာတွေ့ပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပက်သက်ပြီး အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၂၁ရက်နေ့ကြေငြာချက်မှာ FDAဌာနကနေ အတည်ပြုထားတဲ့ Covid-19ကာကွယ်ဆေးမရှိသေးတဲ့အကြောင်းကြေငြာထားတာတွေ့ရပါတယ်။အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ FDA Link ဒါ့အပြင်FDA ဝက်ဘ်ဆိုဒ်ရဲ့ အမေး၊ အဖြေကဏ္ဍမှာ Covid-19ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန် FDAက အတည်ပြုထားတဲ့ ကာကွယ်ဆေးမရှိသေးကောင်း ထပ်မံရေးသားထားပြီး လက်တွေ့စမ်းသပ်တာတွေကို အရှိန်မြှင့်ကြိုးစားလုပ်ဆောင်နေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ […]

Continue Reading

ဖောင်ကြီးကုသရေးစင်တာမှာ အောက်ဆီဂျင်မလုံလောက်ပဲ လူနာတွေကို ဘာမှမလုပ်ပေးနိုင်ဘူးဆိုတဲ့ သတင်းအမှား

ကိုဗစ်နိုင်တင်းလူနာတွေကိုကုသပေးနေတဲ့ ဖောင်ကြီးကုသရေးစင်တာမှာ လူနာတွေကို ဆရာဝန်တွေက ဘာမှမလုပ်ပေးနိုင်ပဲ ထိုင်ကြည့်နေရပြီး လူနာတွေအတွက် အောက်ဆီဂျင်လည်း မလုံ‌လောက်တဲ့အကြောင်း ဖောင်ကြီးက ဆရာဝန်တစ်ယောက်ကရေးသားတယ်ဆိုတဲ့ ပို့စ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “အရမ်းမျှော်လင့်နေကြမှာစိုးလို့တောင်းပန်ပါတယ်။ ကျွန်မတို့ ဘာမှမလုပ်ပေးနိုင်ပါဘူး…ဖောင်ကြီးမှာ ခုတင် ၂၀၀၀ ဆံ့ပါတယ်၊ အဲ့ခုတင်ပေါ်မှာ လူနေလို့ရပါတယ်၊ လူနာနေလို့မရပါဘူး positive ဖြစ်တဲ့လူတွေဟာ နောက်ဆုံး အောက်ဆီဂျင်ကျ၊ ပြင်းထန်အဆုတ်ယောင်ရောဂါနဲ့ သေကြပါတယ်၊ အောက်ဆီဂျင်ရှိတဲ့ အဆောင်က ၂ ဆောင်ပဲရှိပါတယ် အဲ့ ၂ ဆောင်မှာမှ အောက်ဆီဂျင်ပိုက်လိုင်းရှိတဲ့ အခန်းတွေက ၅၀ တောင်မပြည့်ပါဘူး အရမ်းအောက်စီဂျင်ကျပီး အထူးကြပ်မတ်ဆောင်ပို့ရရင်လည်း အဲ့မှာ ၁၇ ခုတင်ပဲရှိတာပါ၊ ဆေးရုံဖွင့်ပြီး ဘယ်လိုကုနေတယ်ထင်ပါသလဲ? ဖျားရင်ပါရာစီတမောပေးပါတယ် ချောင်းဆိုးရင်ချောင်းဆိုးပျောက်ဆေး ပေးပါတယ်၊ ကိုယ်ခံအားလေးများကောင်းလာမလားဆိုပီး vitaminC ပေးပါတယ်၊ […]

Continue Reading

ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတဲ့ သတင်းအမှား

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နိုင်တင်းရောဂါကြောင့် နိုင်ဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန့်နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ကိုမြင့်နိုင်(Covid-19) လုပ်ရက်ကြောင့် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ပါ လက်ရှိ့ NLD အစိုးရပဲ အုပ်ချုပ်ခွင့် ပြုလိုက်ပီး သဘောတူလား ဘော်ဒါတို့ရေ”လို့ရေးသားထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို တာဝန်ယူဦးစီးကျင်ပပေးရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမဲ့နိုင်ဝင်ဘာ ၈ရက် ရွေးကောက်ပွဲကို ရပ်ဆိုင်းတာ၊ ရက်ရွှေ့တာစသဖြင့် တစ်စုံတရာကြေငြာတာမျိုး မရှိသေးပါဘူး။ UEC FB Link UEC Web Link ဒါအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ Chair NLDပေ့ချ်ကနေ “ပြည်သူသို့ […]

Continue Reading