Fact Check: တရုတ်က အမေရိကန်ကို စတင်ပစ်လိုက်ပြီး တတိယကမ္ဘာစစ် ကြေညာလိုက်ပြီဆိုတဲ့ တင်းတု
တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့ ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]
Continue Reading