Fact Check: ‌လေယာဉ်ရှိနေပြီလို့ NUG သမ္မတကြေညာတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အနေနဲ့ လေယာဉ်တွေရှိနေပြီလို့ NUG သမ္မတက ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းမှာတခုသာ ဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၂၂ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရှိထားတယ်။  “NUG လေကြောင်းရလို့ ဗိုလ်ချုပ်တွေ လန့်ကုန်ပြီ လေယဉ် ရပြီဟု NUG သမ္မတကြေငြာ ဒီအတိုင်းဆို မြန်မာစစ်တပ် ၁လမခံတောဘူးဟေ့“ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေဟာ ဒရုန်းကို အသုံးပြု တိုက်ခိုက်ကြတာများပြားပြီး ဒရုန်းသုံးစွဲမှုနဲ့ပတ်သက်ပြီး ယုံမှားစရာမရှိပေမဲ့ လေယာဉ်ပိုင်ဆိုင်နေပြီဆိုတဲ့ […]

Continue Reading

Fact Check: အီလွန်မက်က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ နဲ့ဝယ်ဖို့ သဘောတူညီချက်ရတဲ့ သတင်းမှား

ကမ္ဘာ့ အချမ်းသာဆုံးသူဌေး အီလွန်မတ်(Elon Musk)က CNN သတင်းဌာနကို ဒေါ်လာ သန်း ၃၀၀၀ (၃ ဘီလီယံ) နဲ့ ဝယ်ယူဖို့ သဘောတူထားတယ်ဆိုပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျက်ရှိတာဟာ တကယ်တော့ သရော်စာ တခုသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပြီး နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေမှုကို အောက်ပါ စခရင်ရှော့မှာ ကြည့်ပါ။ တူညီတဲ့ ‌ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာလည်းတွေ့ရပါတယ်။  “Tesla, Space X, StarLink  သူဋ္ဌေး အီလွန်မတ်စ်က CNN သတင်းဋ္ဌာနကို ဒေါ်လာသန်း၃၀၀၀ ဖြင့် ဝယ်ယူရန် သဘောတူညီမှု ရရှိထားဟုဆို။” မူရင်းလင်ခ့် – Facebook link | Archive link ဒီသရော်စာဟာ အင်္ဂလိပ်ဘာသာနဲ့ ဖြန့်ဝေမှုတွေလည်းရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ဒီနေရာနဲ့ […]

Continue Reading

Fact Check: MNDAA ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလို့ လားရှိုးက တရုတ်ရာနဲ့ချီကို MNDAA ကဖမ်းဆီးဆိုတဲ့ သတင်းမှား

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “MNDAA ချက်ချင်းကလဲ့စား‌ ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]

Continue Reading

Fact Check: တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို တောင်းပန်ပြီး နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်လိုက်တယ်ဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EAOs)ကို တရုတ်က တောင်းပန်လိုက်ပြီး နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  နိုဝင်ဘာ ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၇၀၀၀၀  ကျော်ရရှိထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မင်းအောင်လှိုင် ဘေးဖယ်ခံနေရပြီ EAOS တွေကို တရုတ်တောင်းပန်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်၊ စစ်ကောင်စီ ဒေါပွနေရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ ယူကျူ့ချန်နယ်တခုဖြစ်တာတွေ့ရပြီး ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်း ထုတ်ပြန်တဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်တွင်းသေဆုံးကြောင်း ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ရှင်းလင်းပြောကြားမှု ဗွီဒီယိုဆိုပြီး ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း  ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရရှိ ထား တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အကျဉ်းထောင်ထဲမှာ အမေစု သေဆုံးမှု ၁၀၀%သေချာပီ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အမှန်တိုင်းရှင်းပြီ တနိုင်ငံလုံးချက်ချင်းနားထောင်ကြပါ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌‌ဖော်ပြခဲ့တဲ့ သတင်းအကြောင်းအရာ တွေကို သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိပါတယ်။ ဒါမှမဟုတ်လည်း လုပ်ကြံ သတင်းတု၊ သတင်းမှားတွေလည်း […]

Continue Reading

Fact Check: တရုတ်က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဆိုတဲ့ သတင်းတု 

တရုတ်က မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်လိုက်ပြီး တရုတ်သမ္မတအမိန့်နဲ့ နေပြည်တော်ကို တရုတ်စစ်သားတွေ ရောက်လာပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။   “စစ်ခေါင်းဆောင် ရန်သူဝိုင်းခံရပြီ တရုတ်က ဖမ်းဆီးဖို့ အမိန့်ထုတ် တရုတ်သမ္မတ အမိန့်နဲ့ နေပြည်တော် ကို တရုတ်စစ်သားများ ရောက်ရှိ သဘောတီူမှု ချိုး‌‌ဖောက်တယ်ဆိုပြီး တရုတ်သမ္မတက မင်းအောင်လှိုင်ကို ဒေါသထွက်နေ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လူမှုကွန်ယက်မှာ‌ဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်‌‌ဖော်ရာမှာ  သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။ အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာတွေ […]

Continue Reading

Fact Check: ဗိုလ်နဂါးရဲ့ BRNA က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား 

ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာဟာ ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို အလုံးစုံ ထိန်းချုပ်ခါနီးမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက် ဖြစ်တယ်။  “ဗိုလ်နဂါးလက်စွမ်းပြနေပြီ ပုလဲမြို့သိမ်းတိုက်ပွဲ တပ်သား ၅၀၀၀ လောက် ဖမ်းခံရပြီ  AA ကလည်း ဝင်တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khitthit”အမည်နဲ့ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဗွီဒီယိုကို ဖြန့်ချိပါတယ်။ […]

Continue Reading

Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှုဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်တယ်။  “မြို့လယ်ကောင်မှာ အသေဆိုးနဲ့သေပြီ၊ရုပ်သံ ဝဋ်လည်ပြီ ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ Mi-27 ရဟတ်ယာဉ်ပြုတ်ကျလို့ ဆူးလေလမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှု”ဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တမ်းမှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ပြန်လာတဲ့ စစ်တပ်ရဟတ်ယာဉ် ငဖဲမြို့နယ်ဘက်မှာ […]

Continue Reading

Fact Check: NUG ကို စစ်ရေးအကူအညီတွေပေးမယ်လို့ ဒေါ်နယ်ထရမ့် ဖုန်းဆက်ပြော တဲ့ သတင်းတု

မြန်မာနိုင်ငံကို စစ်ရေးအကူအညီတွေ ပေးဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သမ္မတကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ဖုန်းဆက်ပြီးပြောတယ်လို့ ဆိုထားတဲ့  ဗွီဒီယို ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာတွေ့ရပါတယ်။  စစ်ခေါင်း‌ဆောင်ကို ရာထူးက ဆင်းပေးဖို့ ၅ ရက်အချိန်ပေးလိုက်တယ်လို့ ဆိုပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း  “ဒေါ်နယ်ထရမ့်လုပ်ရပ်ကြောင့် ထိတ်လန့်ကုန်ပြီ NUG သမ္မတထံဖုန်းဆက်ပြီး စစ်ရေးကူညီပေးမယ်တဲ့ မအလကို (၅)ရက်ပဲအချိန်ပေးမယ်တဲ့ဗျို့” (မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် နိုဝင်ဘာ ၇ ရက် အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရ သမ္မတ ဒေါ်နယ်ထရမ့်ကို တရုတ်၊ ပြင်သစ်၊ […]

Continue Reading

Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။  “သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု  တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading