Fact Check: NUG ကို ဗုံးကြဲလေယာဉ် ထောက်ပံ့မယ်လို့ အမေရိကန်သမ္မတပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို ဗုံးကြဲလေယာဉ်တွေ ထောက်ပံ့ပေးမယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောဆိုလိုက်တယ်ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုကရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “အမေစုကို ပြန်မလွှတ်ပေးရင် NUG လိုအပ် တဲ့ ဗုံးကြဲလေယာဉ်ပါထောက်ပံ့ပေးတော့မယ် တဲ့ ညကဒေါ်နယ်ထရမ့်ပြောကြား” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ သူ့ရဲ့ ပထမသက်တမ်းထဲမှာဖြစ်စေ အခု ဒုတိယအကြိမ် သမ္မတသက်တမ်းမှာ ဖြစ်စေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအကြောင်းပြောဆိုထားတာ တစုံတရာမရှိခဲ့ပါဘူး။ ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာဖော်ပြချက်မတွေ့ရပါဘူး။  အခုလို သတင်းမှားဖြန့်ဝေနေတဲ့ ဗွီဒီယိုထဲမှာတော့  ပြည်တွင်းအခြေစိုက် မီဒီယာလုပ်ငန်းတခုဖြစ်တဲ့ Eleven Broadcasting […]

Continue Reading

Fact Check: ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများလား- မဟုတ်ပါ

ကိုဗစ်-၁၉(Covid-19)ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံလိုက်တယ်လို့ဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။   ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပြောဆိုခဲ့တဲ့ ဆရာဝန်ဆိုသူ ဓာတ်ပုံပါဝင်ပြီး ပြောဆိုချက်အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြချက်ပါတဲ့ စခရင်ရှော့ဓာတ်ပုံတခုကိုလည်း ပို့စ်တင်သူ ၄င်းပို့စ်ရဲ့အောက်က မှတ်ချက်နေရာမှာ ဖော်ပြထားတာတွေ့ရပါ တယ်။  “Covid 19 ဆေးထိုးထားသူတွေဟာ ေ-သဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း စခရင်ရှော့ပို့စ်ပါပြောဆိုချက်ဟာ အခုရက်ပိုင်းမှပဲ ပြောကြားခဲ့သ‌ယောင်နဲ့ “BREAKING NEWS:”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် မူးလဲသေဆုံးတဲ့ သတင်းတု

စစ်ခေါင်းဆောင် ရုတ်တရက် မူးလဲသေဆုံးသွားလို့ နေပြည်တော်မှာ ပွက်လောရိုက်နေပြီလို့ ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။   ဇန်နဝါရီ ၂၈ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ရုတ်တရက် မအလ မူးလဲသေဆုံးလို့ နေပြည်တော်မှာ ပွက်လောရိုက်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြတာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းရေးသားဖြန့်ဝေ တာတွေ ပြုလုပ်ပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: အမျိုးသမီး စစ်မှုထမ်းကိစ္စကြောင့် ပါတီခေါင်းဆောင် ဦးကိုကိုကြီး ပစ်သတ်ခံရတဲ့ သတင်းတု

စစ်မှုထမ်းမှုဥပဒေအရ အမျိုးသမီးတွေကိုပါ ခေါ်ဖို့ စစ်ခေါင်းဆောင်ကို မြှောက်ပေးခဲ့တဲ့အတွက် ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး ပစ်သတ်ခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။   ဇန်နဝါရီ ၂၆ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “အမျိုးသမီးတွေ စစ်မှုထမ်းခိုင်းဖို့ မအလ ကို  မြှောက်ပေးတဲ့ ဦးကိုကိုကြီး ပစ်သတ်ခံရပြီ အာချောင်ချင်ဦးဟ သေစမ်းကွာ(ရုပ်သံ)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလား – မဟုတ်ပါ

ဗီးနပ်စ်ဂြိုဟ်က မြင်ရတဲ့ ကောင်းကင်ဘုံ ဓာတ်ပုံလို့ ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နှင်းခဲတွေ လွှမ်းနေပြီး ရွှေရောင်အဆင်းဝင်းပြီး တောက်ပဲ အဆောက်အဦးကြီးတွေ တည်ရှိနေဟန်နဲ့ ကောင်းကင်ဘုံလို့ဆိုထားတဲ့ ဒီဓာတ်ပုံဟာ ဇန်နဝါရီ လလယ်ပိုင်းလောင်က စပြီး မြန်မာဘာသာအသုံးပြုသူတွေအကြားမှာ စတင်ပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိလည်း ပျံ့နှံ့မှုအားကောင်းနေပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဓာတ်ပုံနဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ် တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ “ဗီးနပ်စ်ကနေ မြင်ရတဲ့ ကောင်းကင်ဘုံရဲ့ ပထမဆုံး ဓာတ်ပုံ။  First picture of heaven seen from venus” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ […]

Continue Reading

Fact Check: လူမျိုးတုန်းသတ်ဖြတ်မှု မြန်မာစစ်ခေါင်းဆောင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး UN က ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ AA ‌ခေါင်း‌ဆောင် ၂ ဦး ကုလသမဂ္ဂ(UN)က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “AA ခေါင်းဆောင်(၂)ဦးနဲ့အတူမင်းအောင်လှိုင်ကို  UN ဖမ်းဝရမ်းထုတ်ပြီး ကမ္ဘာ့ရဲတပ်ဖွဲ့ကို စေလွှတ် လူမျိုးတုန်းသတ်လို့ အဖြစ်ဆိုးကြုံကြရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားမှုတွေဖြန့်ဝေတာ၊ သတင်း မီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို […]

Continue Reading

Fact Check: စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ကို PDF တွေက လည်လှီးသတ်ဆို တဲ့ သတင်းတု

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးစခန်းကို  PDF တွေက သိမ်းပိုက်လိုက်ပြီး အရှင်ဖမ်းမိတဲ့ ပေါက်ကိုယ်တော်ကို လည်လှီးသတ်လိုက်တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၆ ရက်မှာ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “ပေါက်ကိုယ်တော်ရဲ့ ပျူစခန်း PDF တွေ ဝင်သိမ်း အရှင်ဖမ်းမိတဲ့ ပေါက်ဂတုံး လည်လှီးသတ်ခံရ ကျန်ဘောမတွေကြည့်ထား မင်းတို့အလှည့်လာမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး […]

Continue Reading

Fact Check: စစ်သား ၃၀၀၀ နေပြည်တော်ကို ထရမ့် စေလွှတ်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဆီးတဲ့ သတင်းတု

အမေရိကန်သ္မတသစ် ဒေါ်နယ်ထရမ့်(Donald Trump)က စစ်သား ၃၀၀၀ နေပြည်တော်ကို လွှတ်လိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၂၂ ရက်မှာ “MCM Channel”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “US သမ္မတသစ် ထရမ့် မြန်မာ့အရေး ဆုံးဖြတ်ပြီ US စစ်သား ၃၀၀၀ နပတကို ဒီမနက်လွှတ်လိုက်ပြီတဲ့” မူရင်းလင်ခ့် – Youtube link | Archive link  ဒီချန်နယ်ကပဲ နောက်ထပ် ဖြန့်ဝေမှုမှာတော့ အမေရိကန်သမ္မတအသစ် အမိန့်နဲ့ စစ်ခေါင်းဆောင်ကို ဖမ်းသွားပြီလို့ […]

Continue Reading

Fact Check: တရုတ်နှစ်ကူးပွဲတက်တဲ့ စစ်ခေါင်းဆောင် ရှော့တိုက်ဒုံးနဲ့တိုက်ခိုက်ခံရလို့ သေဆုံးတဲ့ သတင်းတု

တရုတ်နှစ်သစ်ကူး အခမ်းအနားတက်ရောက်လာတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါအတွေကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ဗိုလ်ချုပ်ကြီး ၁၅ ဦးနဲ့အတူ သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။  ဇန်နဝါရီ ၂၄ ရက်မှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က  ဖြန့်ဝေခဲ့တဲ့ ဗွီဒီယို စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ၆ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၁၇၀၀၀ ကျော်ရရှိထားတယ်။ “တရုတ်နှစ်သစ်ကူးအခမ်းအနားတက်ရောက်တဲ့ မအလ  သေပြီ ရန်ကုန်UGကြမ်းပြီ ရှော့တိုက်ဒုန်းနဲ့တိုက်ခိုက်ခံရလို့ မအလအပါအဝင် စစ်ဗိုလ်ချုပ်ကြီး(၁၅)ဦး ထိခိုက်သေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ […]

Continue Reading

Fact Check: ဘုန်းကြီး ၈ သောင်း စစ်မှုထမ်းရမယ်ဆိုတဲ့ သတင်းတု

သီတဂူဆရာတော်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူးပေါင်းပြီး ဘုန်းကြီး ရှစ်သောင်းကို စစ်မှုထမ်းရမယ်လို့ ကြေညာလိုက်တယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၂၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “သီတဂူနဲ့ မင်းအောင်လှိုင် ပူးပေါင်း ယုတ်မာပြီ ဘုန်းကြီး (၈)သောင်းကို စစ်မှုထမ်း ဖို့  အခုပဲ ကြေငြာလို့ ပွတ်လောရိုက်ကုန်ပြီ”(မူလအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသား […]

Continue Reading