Fact Check: နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့ ဝင်လာပြီဆိုတဲ့ သတင်းမှား
ငွေကြေးလိမ်လည်မှုတွေကို အရေးယူဖို့အတွက် နေပြည်တော်ကို အမေရိကန်တပ်ဖွဲ့တွေ ဝင်လာပြီဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၆ သိန်း ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အမေရိကန် အထူးတပ် နေပြည်တော်ဝင်လာပြီ ကျားဖြန့်အမှု စစ်ဗိုလ်ချုပ်တွေ ပါဝင်နေကြောင်း သတင်းထွက်၊ နေပြည်တော်ကို အမှောင်ချလိုက်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး သတင်းမီဒီယာတချို့က သတင်းတွေ […]
Continue Reading
